#ကိလေသာကြားမခိုတဲ့ဉာဏ် ဆက်တိုက်ဖြစ်နိုင်ဖို့အတွက်
#ကိုယ်သိနိုင်တဲ့စိတ်တွေကိုပဲ ကြည့်နေတာမဟုတ်ဘဲ၊
သိမ်မွေ့တဲ့သဘောအနေနဲ့ ဖြစ်ပြီးပျက်မှန်း မသိနိုင်သေးတဲ့စိတ် မရှိတော့တဲ့အထိ သိနိုင်ဖို့ ဦးတည်နိုင်ရပါတယ်။
#ကိလေသာကြားခိုခဲ့ရင်တောင် ကြားခိုတဲ့ကိလေသာကို အပျက်ရှုနိုင်ရသလို၊
သတိလွတ်သွားရင်လည်း
သတိလွတ်မှန်း သိတဲ့စိတ် ဖြစ်တဲ့အချိန်မှာ
သတိလွတ်ခဲ့တဲ့စိတ်တွေ မရှိတော့မှန်း သိပေးနိုင်ဖို့ လိုပါတယ်။
#နောက်စိတ်ဖြစ်ရင် ရှေ့စိတ်နဲ့ တကွ တစ်ဘဝလုံး ၊ တစ်သံသရာလုံးက ဖြစ်ခဲ့သမျှ
ဘာစိတ်မှ မရှိတော့မှန်း သိခြင်းအားဖြင့် အရှိယူမှု အားလုံးကိုလည်း စွန့်နိုင်ရပါတယ်။
#ရှေ့စိတ်တွေမရှိတော့မှန်း သိရုံတင်မကဘဲ ၊
သိတဲ့စိတ် ကိုယ်၌ရဲ့ ထပ်မရှိတော့မှု / ထပ်ချုပ်ပျောက်မှုအမှန်ကိုလည်း
အသိကို အသိနဲ့ ဉာဏ်ကို ဉာဏ်ချင်း ထပ်ဆင့်ပြီး အပျက်ရှုနိုင်ဖို့လည်း ဦးတည်နိုင်ရပါတယ်။
Негізгі бет 10.6.2024 ကိလေသာကြားမခိုတဲ့ဉာဏ် ဆက်တိုက်ဖြစ်စေဖို့
Пікірлер: 8