#စိတ်ကသိနေရတဲ့ အာရုံတွေအပေါ်မှာ အယူမစင်ကြယ်မှုတွေကို စွန့်လွှတ်ပြီး၊
ဖြစ်ပြီးပျက်တာ သိမယ်ဆိုရင်
အာရုံကို သိတဲ့စိတ်ကို တွေ့ဖို့ လွယ်ကူလာပါလိမ့်မယ်။
#အာရုံကိုသိတဲ့စိတ်အပေါ်မှာ
သဘောအမြင်နဲ့ မရှိတော့တာ/ ပျက်တာကို သိပြီး
စွန့်နိုင်မယ်ဆိုရင်
သိတဲ့စိတ်ရဲ့ အဆုံးမှာ ရှိတဲ့ နိဗ္ဗာန်ကို သိတဲ့
မဂ်ဉာဏ်ဖြစ်ဖို့ ဦးတည်နိုင်မှာပါ။
#ဖြစ်ပြီးပျက်နေတဲ့ သိတဲ့စိတ်ရဲ့ အဆုံးမှာ
မဖြစ်မပျက်တဲ့ နိဗ္ဗာန် ရှိပါတယ်။
အဲ့ဒါကြောင့် သိတဲ့စိတ်ရဲ့ အပျက်ကို အသိမ်မွေ့ဆုံးအထိ ဉာဏ်နဲ့ ဖြိုခွဲပြီး ကြည့်ရသလို၊
အသိကို အသိနဲ့ ထပ်ဆင့်ပြီး စွန့်နိုင်ဖို့ ဦးတည်ရပါတယ်။
#သိနေရတဲ့ အာရုံစွဲကို စွန့်နိုင်ရုံနဲ့ အာရုံကို သိတဲ့စိတ်စွဲ စွန့်နိုင်မှာ မဟုတ်သေးပါဘူး။
အာရုံကိုသိတဲ့စိတ်စွဲ မစွန့်နိုင်မချင်းလည်း
နိဗ္ဗာန်ကို မြင်နိုင်မှာမဟုတ်သေးပါဘူး။
#မရှိတော့တဲ့ ရှေ့စိတ်တွေကို မရှိတော့တဲ့ အာရုံ အနေနဲ့ ပြန်အရှိယူနေမယ်ဆိုရင်
စိတ်စွဲဖြုတ်တယ် ထင်နေရပေမယ့်
အာရုံစွဲပြန်ဖြစ်နေတတ်တာကိုလည်း သတိထားဖို့ လိုပါတယ်။
Негізгі бет 15.5.2024 အာရုံစွဲစွန့်ခြင်း နှင့် သိတဲ့စိတ်စွဲစွန့်ခြင်း
Пікірлер: 9