🏦Forex ဈေးကွက်ဘယ်လို အလုပ်လုပ်လဲ 🏦
🏦“Forex” ဟူသော စကားလုံးသည် ယနေ့ခေတ်တွင် ခံစားချက်အမျိုးမျိုးကို လှုံ့ဆော်ပေးနိုင်သည်။ Forex သို့မဟုတ် (Foreign Exchange) နိုင်ငံခြားငွေလဲလှယ်ရေးသည် ကမ္ဘာလုံးဆိုင်ရာ စျေးကွက်တစ်ခုလည်းဖြစ်သည်။
🏦သီးခြားငွေကြေးတစ်ခုစီအတွက် စျေးနှုန်းသည် ရောင်းလိုအား နှင့် ဝယ်လိုအားပေါ်မူတည်ပြီးလည်ပတ်သည်။ နိုင်ငံတစ်ခု၏ ငွေကြေးကို တခြားနိုင်ငံတစ်ခုမှငွေကြေးနှင့် လဲလှယ်ရန်လိုအပ်လာမှုအပေါ်မူတည်ပြီး ငွေကြေး တန်ဖိုးများ အတက်အကျ ဖြစ်ပေါ်နေခြင်း ဖြစ်သည်။
🏦ဥပမာအားဖြင့်၊ အမေရိကန်ကုမ္ပဏီတစ်ခုသည် ဂျပန်ယန်းငွေဖြင့်သာ ဂျပန်နိုင်ငံတွင် ရုံးခန်းတစ်ခု တည်ဆောက် နိုင်သည်။
🏦ထို့ကြောင့် အမေရိကန်ဒေါ်လာကိုရောင်းပြီး ဂျပန်ယန်းကို ပြန်လည်ဝယ်ယူရသည်။ ထိုသို့ဖလှယ်လိုက်ခြင်းသည် Forex Trading နိုင်ငံခြားငွေကြေးနှစ်ခု ကုန်သွယ်လိုက်ခြင်းပင်ဖြစ်သည်။
🏦Forex ဈေးကွက်တွင် ငွေကြေးတစ်ခုသည် ရောင်းကုန်ဖြစ်ပြီး အခြားတစ်ခုသည် ငွေပေးချေမှု နည်းလမ်းဖြစ် သည့် ငွေကြေးအတွဲဖြင့် ရောင်းဝယ်ခြင်းဖြစ်သည်။
🏦ဥပမာအားဖြင့်၊ ယူရိုငွေကို အမေရိကန် ဒေါ်လာအချို့နှင့် ဝယ်ယူနိုင်ပြီး တစ်ယူရိုကို တစ်ဒသမနှစ်ဒေါ်လာဈေးပေါက်ပါက ယူရို-ဒေါ်လာ လဲလှယ်နှုန်းသည် EURUSD - 1.2 ဖြစ်ပါမည်။
🏦ယူရိုငွေသည် အမေရိကန်ဒေါ်လာတန်ဖိုးထက်မြင့်သည့်အတွက် ယူရိုငွေကြေး (EUR) သည် ရှေ့တွင်ရှိပြီး အမေရိကန်ငွေကြေး (USD) သည်နောက်တွင်ကပ်လိုက်သည်။ ထိုငွေကြေးနှစ်ခုအတွဲကို EURUSD ဟုသတ် မှတ်လိုက်သည်။
🏦Forex စျေးကွက်သည် မည်သည့်လုပ်ငန်းအတွက်မဆို အခြေခံဖြစ်သည့် ငွေကြေးနှုန်းထားတန်ဖိုးများ အဆက် မပြတ်အတက်အကျဖြစ်ပေါ်နေခြင်းမှ ဝင်ငွေရစေသည်။
🏦အလွယ်ဆုံးမှတ်သားစရာအနေဖြင့် ငွေကြေးတန်ဖိုး တစ်ခု ဈေးကျလာပါကဝယ်ယူထားပြီး နောက်ပိုင်းဈေးပြန်တက်လာပါက ပြန်ရောင်းထုတ်ခြင်းဖြင့် အမြတ် တစ်ခု ကိုဖန်တီးနိုင်သည့်ပုံစံဖြစ်သည်။
🏦သို့သော် ထူးခြားမှုတစ်ခုမှာ ပြင်ပတွင် ငွေစက္ကူများဖြင့်လဲလှယ်နိုင်သလို ပုံမှန်နှင့်မတူဘဲ အင်တာနက်ရရှိ နိုင်သည့် ကမ္ဘာပေါ်ရှိ မည်သည့်နေရာတွင်မဆို မိုဘိုင်းဖုန်း၊ တက်ပလက်၊ ကွန်ပျူတာ၊ လက်တော့ပ်များမှတဆင့် ၂၄နာရီ ၅ရက်ပတ်လုံး Forex ကို ကုန်သွယ်ရရှိနိုင်ခြင်းဖြစ်သည်။
⛔️တင်ပြပါ Video ပါအကြောင်းအရာများသည် လေ့လာသင်ယူရေးအတွက်သာရည်ရွယ်ပါသည်။ မူရင်း Video တွင် မူပိုင်ခွင့်ရှိကြောင်းတင်ပြလိုပါသည်။
👉Personal Trading Account Registration (ကိုယ်ပိုင်အကောင့်) ပြုလုပ်လိုသူ မိတ်ဆွေများအတွက် bit.ly/34sFu1J လင့်ကိုကိုယ်တိုင်နှိပ်ပြီးလုပ်ဆောင်နိုင်ပါသည်။
❓အဆင်မပြေသည်များရှိပါက အသေးစိတ်ဆက်သွယ်မေးမြန်းနိုင်ပါသည်။
အောင်မြင်ပျော်ရွှင်ပြီး အမြတ်ကိုယ်စီရရှိကြပါစေ။🙏
©️ Join Telegram Link
+++++++++++++++++
🛰 t.me/liteforex
🛰 t.me/litefinancebrokerchat
📞 Hotline 09 880 4410 50 / 09 8958 2323 2
--------------------------------------
⚠ Risk Warning
Trading on Financial Markets carries Risks. Trading in FX and CFDs entail a high risk of losing capital. Not allowed under 18 Years.
⚠️တင်ပြပါအကြောင်းအရာများသည် ပညာရပ်ပိုင်းဆိုင်ရာများကိုလေ့လာစမ်းစစ်ထားခြင်းဖြစ်ပါသဖြင့် လိုက်ပါလုပ်ဆောင်ရန်တိုက်တွန်းချက်များမပါဝင်ပါ။ စျေးကွက်များတွင် လုပ်ဆောင်မှုများအားလုံးသည် လုပ်ဆောင်သူတို့နှင့်သာတိုက်ရိုက်သက်ဆိုင်ပါကြောင်း သတိပြုအပ်ပါသည်။
⚠️ Attention Please ⚠️
CFD & FX ထရိတ်လုပ်ဆောင်ခြင်းများသည်ဆုံးရှုံးမှုအန္တာရယ်မြင့်မားနိုင်သည့်အတွက် လူတိုင်းနှင့်မသင့်တော်ပါ။ ကနီးထည့်ဝင်ငွေများသည် ပထမဆုံးကုန်သွယ်မှုတွင်ပင်ဆုံးရှုံးမှုရှိနိုင်ပါသည်။ အသက်(၁၈)နှစ် မပြည့်သေးသူများကြည့်ရှုရန် (လုံးဝ) မသင့်ပါ။
Негізгі бет 19. Forex ဈေးကွက်ဘယ်လို အလုပ်လုပ်သလဲ
Пікірлер: 2