ရွှေ/ငွေ/ဆီ ဈေးနှုန်းတွေ ကြောက်ခမန်းလိလိ တက်လာ
ဒီနေ့မှာ US တစ်ဒေါ်လာဈေးက ၁၇၈၆ ကျပ်ဈေးနှုန်းဖြစ်ပြီး အဝယ်ဈေးက ၁၇၇၈ ကျပ်ဈေးနဲ့ ပုံမှန်ဈေးအတိုင်းရှိနေပါတယ်။
စင်္ကာပူဒေါ်လာက ၁၄၉၀ ကျပ်ပေါက်ဈေးရှိပြီးတော့ အဝယ်ဈေးက ၁၄၇၀ ကျပ်ဖြစ်လို့ ၁၅ ကျပ်ဈေးတက်လာတာပါ။ မနေ့က ၈ ကျပ်တောင်ဈေးတက်တာကြောင့် ၂ ရက်အတွင်း ၃၀ နီးပါးဈေးတက်လာတာပါ။
ယူရိုငွေတန်ဖိုးကတော့ ၂၁၈၀ ကျပ် ပေါက်ဈေးရှိပြီး အဝယ်ဈေးက ၂၁၆၇ ကျပ်ဖြစ်တာကြောင့် သူက ၅ ကျပ်ဈေးထက်တက်လာတာပါ။ မနေ့ကလည်း ၅ ကျပ်ဈေးတက်လို့ ၂ ရက်ပေါင်း ၁၀ ကျပ်ဈေးတက်လာတာလည်းဖြစ်ပါတယ်။
ထိုင်းဘတ်ငွေကတော့ တစ်ဘတ်ကို မြန်မာငွေ ၆၀ ဒသမ ၉၀ ကျပ်နဲ့ ပေါက်ဈေးရှိခဲ့ပြီး အဝယ်ဈေးက ၆၀
ဒသမ ၃၀ ကျပ်ဈေးဖြစ်လို့ မဆိုစလောက်ဈေးတက်လာပါတယ်။
မလေးရှား ရင်းဂစ်ငွေ အရောင်းဈေးက ၄၆၄ ကျပ်ဈေးပေါက်ခဲ့ပြီး အဝယ်ကတော့ ၄၅၈ ကျပ်ဖြစ်လို့ သူကတော့ပုံမှန်ဈေးပါပဲ။
တရုတ်ယွမ်တစ်ယွမ်ကတော့ ၃၁၇ ကျပ်ဈေးပေါက်ခဲ့ပြီး အဝယ်ဈေးက မြန်မာငွေ ၃၁၂ ကျပ်နဲ့ ဖြစ်လို့ ၂ ကျပ် ဈေးတက်လာပါတယ်။
ဂျပန်ငွေ ယမ်းတစ်ယမ်းအရောင်းတန်ဖိုးကတော့ ၂၀ ဒသမ ၈၀ ကျပ်ဈေး ရှိခဲ့ပြီး အဝယ်ကတော့ ၁၉ ဒသမ ၅၀ ကျပ်ဖြစ်လို့ ၁ ကျပ်နီးဈေးတက်လာပါတယ်။
၁၆ ပဲရည် မီးလင်းအခေါက်ရွှေဈေး ကတော့ ဒီနေ့ နေ့လယ် ၁၂ နာရီ ၂၂ မိနစ်မှာ သိန်း ၂၀ နဲ့ ၆ သောင်း ၈ ထောင်ကျပ်အတိနဲ့ အရောင်းစဖွင့်ခဲ့ပြီး ၁၂ နာရီ ၄၈ မိနစ်မှာမှာ သိန်း ၂၀ နဲ့ ၆ သောင်း ၉ ထောင် ကျပ်ဈေးဖြစ်သွားပါတယ်။
၁၂ နာရီ ၅၃ မိနစ်မှာတော့ ၄ ထောင်ကျပ်ခုန်တက်လာလို့ သိန်း ၂၀ နဲ့ ၇ သောင်း ၃ ထောင်ကျပ် ဈေးဖြစ်သွားပြီး ၁ နာရီ ၂၂ မိနစ်မှာတော့ ကျပ် သိန်း ၂၀ နဲ့ ၆ သောင်း ၈ ထောင်ကျပ် ဖြစ်သွားခဲ့ပါတယ်။
၁ နာရီ ခွဲမှာ သိန်း ၂၀ နဲ့ ၆ သောင်း ၆ ထောင်ကျပ်ဈေးဖြစ်သွားရာကနေ
၁ နာရီ ၃၉ မိနစ်မှာ သိန်း ၂၀ နဲ့ ၆ သောင်း ၂ ထောင်ကျပ် နောက်တော့ သိန်း ၂၀ ၆ သောင်း ၁ ထောင်ကျပ် နောက်တော့ သိန်း ၂၀ နဲ့ ၆ ထောင် ကျပ်အတိဈေးဆက်တိုက် ဖြစ်လာခဲ့ပြီး ၂ နာရီ ၄ မိနစ်မှာ သိန်း ၂၀ နဲ့ ၅ သောင်း ၈ ထောင်ဈေးဖြစ်သွားပါတယ်။
နောက်တော့ သိန်း ၂၀ နဲ့ ၅ သောင်း ၇ ထောင်ဈေးကနေ ၂ နာရီ ၅၁ မိနစ်မှာ သိန်း ၂၀ နဲ့ ၆ သောင်းကျပ်အတိပြန်ဖြစ်သွားခဲ့ပြီး အဲ့ဒီဈေးနဲ့ ပိတ်သွားခဲ့ပါတယ်။ အဲဒါကြောင့် မီးလင်းအခေါက်ရွှေဈေးက ၇၀၀၀ ကျပ်ဈေးတက်လာတာပါတယ်။
၁၅ ပဲရည်ရွှေဈေးကတော့ ဒီနေ့မှာ ၁၉ သိန်း ၃ သောင်း ၉ ထောင်ကျပ်ဖြစ်လို့ သူကတော့ ၆ ထောင့် ၅ ရာကျပ်ဈေးတက်လာပါတယ်။
ဒီဇယ်ဆီဈေးကတော့ ဒီနေ့ ရန်ကုန်မှာ တစ်လီတာကို ၂၂၃၀ ကျပ်ဈေးပေါက်ခဲ့ပြီး မန္တလေးမှာ ၂၂၅၅ ကျပ် နေပြည်တော်မှာ ၂၂၉၀ ကျပ် ဈေးပေါက်ခဲ့ပါတယ်။ ပရီမီယမ်ဒီဇယ်ဆီတစ်လီတာက ရန်ကုန်မှာ ၂၁၄၅ ကျပ်ဈေးဖြစ်ပြီး မန္တလေးပေါက်ဈေးက ၂၂၈၀ ကျပ် နေပြည်တော်မှာ ၂၃၁၅ ကျပ်ဈေးပါ။ အောက်တိန့် 92 တစ်လီတာရန်ကုန်ပေါက်ဈေးက ၂၀၇၅ ကျပ်ဈေးဖြစ်ပြီးမန္တလေးနဲ့ နေပြည်တော်မှာတော့ ၂၁၂၅ ကျပ်ပါ။ အောက်တိန့် 95 ကရန်ကုန်မှာ ၂၁၅၀ ကျပ်ဈေးဖြစ်ပြီး မန္တလေးမှာတော့ တစ်လီတာ ၂၂၅၅ ကျပ်နဲ့ နေပြည်တော်မှာတော့ ၂၂၄၅ ကျပ်ပေါက်ဈေးရှိခဲ့ပါတယ်။
ဒီနေ့မှာတော့ US ဒေါ်လာငွေက ၁၇၈၆ ကျပ်ဈေးပုံမှန်အတိုင်းရှိနေပေမယ့် အခြား စင်္ကာယူရိုငွေကထိုင်းဘတ်နဲ့ ရင်းဂစ်ငွေတွေကအစ အရင်နေ့တွေကလည်း တက်လာသလို ဒီနေ့မှာ ပိုပြီးတက်လာတာကြောင့် နှစ်ရက်ဆက်တိုက်တက်လာတဲ့ ဈေးနှုန်းတွေက အံ့ကြစရာဖြစ်လာပါတယ်။
ဒါ့အပြင် ရွှေဈေးကလည်း သိန်း ၂၀ နဲ့ ၅ သောင်းအထိရှိလာရာကနေ ၆ သောင်းကျော်အထိကို မြင့်တက်လာပါပြီ။
စက်သုံးဆီဈေးကလည်း တစ်လီတာကို ၂၁၀၀ ကျော်ရှိရာကနေ အခု ၂၃၀၀ ပတ်လည်ကို ထက်ရောက်ရှိလာလို့ ဈေးတွေက ကြောက်ခမန်းလိလိလို့ ဆိုရမှာပါ။
#AKonThi #Cele24 #ကုန်ဈေးနှုန်း #ဒေါ်လာဈေး #ရွှေဈေး #ဆီဈေး
Негізгі бет ၂၀၂၂၊ မတ် (၂၅)ရက် နိုင်ငံခြားငွေနဲ့ ရွှေ ဈေးနှုန်းများ
Пікірлер