၃၈ ဖြာမင်္ဂလာသံပေါက် (၃၈ - ၂)
ရေး - ဒဂုန်ဦးထွန်းမြင့်
ဆို - အောင်မြင့်မြတ်
#မမှီဝဲနဲ့ကင်းအောင်နေ
မာတာပိတု ဥပဋ္ဌာနံ၊ ပုတ္တဒါရဿ သင်္ဂဟော၊ အနာကုလာ စ ကမ္မန္တာ
*****************************************************
မြင်းမိုရ်ရွှေတောင် မိဘကြွေးကို
ကောင်းစွာဆပ်ပေးဝတ်ကျေကျေ၊
ကြွေးသစ်ချကာ သားနှင့်မယားကို
မြှောက်စားချီးမြှင့် ဝတ်ကုန်စေ။
အလုပ်တာဝန်မလစ်ဟင်းနဲ့
အပြစ်ကင်းအောင် လုပ်ပါလေ။
စည်းစိမ်ကိုပေး ပြုစုရေး မျှော်တွေး သုံးချက်ပေ။
အဲဒါမှ ဗုဒ္ဓဝါဒ ကမ္ဘာ့ မင်္ဂလာတွေ။ ။
ဒါနဉ္စ၊ ဓမ္မစရိယာ စ၊ ဉာတကာနဉ္စ သင်္ဂဟော၊ အနဝဇ္ဇာနိ ကမ္မာနိ
*****************************************************
သုံးတန်စေတနာ ဖြူစင်လန်းလို့
ပေးကမ်းဝေမျှ လှူနိုင်စေ။
ကိုယ်နှုတ်စိတ်ကြံ မမိုက်မှားနဲ့၊
သုစရိုက်တရားကို ကျင့်ပါလေ။
ဆွေမျိုးတွေကို ပစ်မထားနဲ့
သင်္ဂဟတရားနဲ့ချီးမြှောက်လေ။
သန့်စင်ပြစ်မျိုး လူထုကျိုး သယ်ပိုးရွက်ဆောင်လေ။
အဲဒါမှ ဗုဒ္ဓဝါဒ ကမ္ဘာ့ မင်္ဂလာတွေ။ ။
အာရတီ ဝိရတီ ပါပါ၊ မဇ္ဇပါနာ စ သံယမော၊ အပ္ပမာဒေါ စ ဓမ္မေသု
*****************************************************
မကောင်းမှုတွေဟူသမျှကို
မတွေ့ခင်က ရှောင်ကြဉ်လေ။
တွေ့ကြုံလာလျှင် မလွန်ကျူးနှင့်၊
အထူးသဖြင့် စောင့်စည်းနေ။
အရက်သေစာ မသောက်စားနဲ့၊
မှောက်မှားတတ်တဲ့ အရာပေ။
လုပ်ကိုင်ပြောကြား သတိထား တရားမမေ့စေ။
အဲဒါမှ ဗုဒ္ဓဝါဒ ကမ္ဘာ့ မင်္ဂလာတွေ။ ။
Негізгі бет ၃၈ ဖြာမင်္ဂလာသံပေါက် (၃၈ - ၂)
Пікірлер