သရုပ်ဆောင် ခိုင်နှင်းဝေ က မိဘများ မှ ဆက်လက် ပြုစုစောင့်ရှောက်ရန် အခက်အခဲ ရှိနေတဲ့ (၈) လ အရွယ် သမီးလေး ကို "ခိုင်နှင်းဝေ" ရင်သွေးလေးများ ဂေဟာမှာ စောင့်ရှောက်ထားရန် အတွက် လက်ခံ ပေးခဲ့ပါတယ်။ သမီးလေး ကို နိုဝင်ဘာလ (၁၅) ရက်နေ့တွင် ရန်ကုန်၊ အင်းစိန်မြို့နယ်မှာ ကိုယ်တိုင် သွားရောက် ခေါ်ယူခဲ့ပါတယ်။
“သမီးလေး ရဲ့ မိခင် က နောက်အိမ်ထောင် ပြုသွားခဲ့တယ်။ ဖခင် ကလည်း အရက်မူးနေတတ်တဲ့ အတွက် ကလေးကို စောင့်ရှောက်ပေးမယ့် သူ မရှိတာကြောင့် ကလေးကို သနားလို့ ၊ ကိုယ်ချင်းစာလို့ ခေါ်ယူ မွေးဖြစ်တာပါ” သရုပ်ဆောင် ခိုင်နှင်းဝေ က ပြောခဲ့ပါတယ်။
Myanmar Celebrity TV Update: Khine Hnin Wai brought (8) months old baby girl to her Child Care Center in Yangon on November 15. #KhineHninWai #KhineHninWaiFoundation #KhineHninWaiChildCareCenter
Негізгі бет (၈) လ အရွယ် သမီးလေးကို ထပ်မံ ကယ်တင်ခဲ့တဲ့ ခိုင်နှင်းဝေ
Пікірлер: 149