အဋ္ဌာနမေတံဂါထာတော်ကြီးကို သက်တော်မြဲဂါထာ၊ တန်ပြန်ဂါထာ ၊ အန္တရာယ်ကင်းဂါထာ၊ သဗ္ဗသိဒ္ဓိဂါထာစသည်ဖြင့်အမျိုးမျိုးခေါ်ကြတယ်။ အဋ္ဌာနမေတံဂါထာရွတ်သူကို မကောင်းကြံသူတွေ တန်ပြန်ထိခိုက်စေတတ်လို့ အဋ္ဌာနမေတံဂါထာရွတ်ပွားသူတွေ မေတ္တာပါပို့ကြဖို့ပါ ညွှန်ကြားတတ်ကြတယ်။
အဋ္ဌာနမေတံဂါထာဟာ သာမန်လောကီဂါထာမဟုတ်ဘဲ ဘုရားနှုတ်ထွက်ဓမ္မစက်အစစ်ဖြစ်တယ်။ မြတ်စွာဘုရားကို ဒေဝဒတ်က တောင်ပေါ်ကနေ ကျောက်တုံးများလှိမ့်ချလုပ်ကြံသတ်ဖြတ်ဖို့ကြိုးစားပြီးတဲ့အခါမှာ မြတ်စွာဘုရား သီတင်းသုံးရာ ကျောင်းဆောင်အပြင်ဘက်ကနေ အရှင်အာနန္ဒာနှင့်ရဟန်းတော်များက စင်္ကြန်လျှောက်ရင်း စာအံရင်း စောင့်ရှောက်နေကြတာကို မြတ်စွာဘုရားက မြင်တွေ့သောအခါ အဋ္ဌာနမေတံဂါထာကိုဟောကြားပြီး ငါ ဘုရား အသက်တော်ကို မည်သူမျှမလုပ်ကြံနိုင်။ မြတ်စွာ ဘုရားရှင်တို့မည်သည် မိမိအလိုအလျောက်သာလျှင် ပရိနိဗ္ဗာန်စံ ရရိုးထုံးစံရှိတယ်လို့ဟောကြားပြီး ရဟန်းသံဃာတော်များရဲ့ ပူပန်သောကကိုအေးငြိမ်းစေခဲ့တယ်။ ဒါကြောင့် ဘုရားရှင်ကို သူများ လုပ်ကြံလို့မရတဲ့ဂုဏ်တော် ဘုရားနှုတ်ထွက်ဓမ္မစက်အစစ်ဖြစ်လို့ ယုံကြည်စွာရွတ်ဖတ်ကြပါ။ ဘုရားဟောကတော့ ပရိနိဗ္ဗာယန္တိ အထိပဲပါတယ်။ သစ္စာပြုတဲ့ ဧတေန စသည်ကတော့ ရွတ်ဖတ်သူတွေအတွက် ပိုအဆင်ပြေအောင် ဆရာတော်ကြီးတွေက ထည့်သွင်းပေးထားတာပါ။
#သက်တော်မြဲဂါထာ(ဝါ )
#တန်ပြန်ဂါထာတော်(ဝါ)
#အဋ္ဌာနမေတံ(ဝါ)သဗ္ဗသိဒ္ဓိ ဂါထာတော်
#ရန်သူအောင်
အဋ္ဌာနမေတံ ဘိက္ခဝေ အန၀ကာသော။
ယံပရူပက္ကမေန တထာဂတံ ဇီဝိတာဝေါရောပေယျ။
အနုပက္ကမေန ဘိက္ခဝေ တထာဂတာ ပရိနိဗ္ဗာယန္တိ။
ဧတေန သစ္စဝဇ္ဖေန၊ သောတ္ထိ မေ ဟောတု သဗ္ဗဒါ။
Негізгі бет အဋ္ဌာနမေတံဂါထာတော် စာတန်းထိုး (မိမိကိုရန်လို နေသောသူ/အန္တရာယ်ပြူ သူများကို အောင်နိုင်သည်)
Пікірлер: 13