"A Pair Of Hands"
Director H
Produced by "Women in Myanmar Spring Revolution"
"တော်လှန်ရေးရဲ့ ကဏ္ဌပေါင်းစုံမှာ ရဲဝင့်တက်ကြွစွာ ပါဝင်နေသော LGBT တစ်ယောက်ချင်းစီတိုင်းကို အလေးအမြတ်ပြု မှတ်တမ်းတင်လိုက်ပါတယ်"
ယခုတင်ဆက်ပြသမည်ဖြစ်သည့် "A Pair Of Hands" ဇာတ်လမ်းတိုသည် တော်လှန်ရေးတွင် တက်ကြွစွာပါဝင်ခဲသည့် LGBT တစ်ဦး ဖမ်းဆီးခံရဆဲဆဲအချိန်တွင် အမျိုးသမီးတစ်ဦး၏ ကယ်တင်မှုကြောင့် လွတ်မြောက်ခဲ့ရသည့် အတွေ့အကြုံများကို ပြောပြထားခြင်းဖြစ်သည်။ လက်တစ်စုံ၏ တွဲခေါ်ယူပေးခဲ့မှုကြောင့် တော်လှန်ရေးတွင် ဆက်လက်ပါဝင်နိုင်ခဲ့ပုံကိုလည်း ပြောပြထားပါသည်။ LGBT တစ်ဦးအနေဖြင့် လွတ်မြောက်နယ်မြေတွင် ဖြတ်သန်ခဲ့ရသည့် အတွေ့အကြုံများနှင့် သူလုပ်ဆောင်ခဲ့သည့် တော်လှန်ရေးတွင်ပါဝင်မှုများမှာ မိသားစုအသစ်၏ နွေးထွေးဖေမှုကြောင့် ပြန်လည်ရပ်တည်နိုင်ခဲ့သည်ကိုများ မြင်တွေ့ရပါမည်။
နွေဦးတော်လှန်ရေးတွင် ပါဝင်နေသော အမျိုးသမီးတို၏ အသံများနှင့် LGBT တို၏ အသံများကို ထုတ်ဖော်ပြောကြားနိုင်ရန်အတွက် "Women in Myanmar Spring Revolution" အစီအစဥ်မှ ရိုက်ကူးတင်ဆက်လိုက်ခြင်းဖြစ်ပါသည်။ စဥ်ဆက်မပြတ်လည်းတော်လှန်ရေးတွင် ကဏ္ဍအသီးသီးမှ ပါဝင်ကြသည့် အမျိုးသမီးများအကြောင်း၊ LGBT များအကြောင်းကို ရိုက်ကူးတင်ဆက်သွားမည်ဖြစ်ပါသည်။
Негізгі бет Ойын-сауық A Pair Of Hands
Пікірлер: 534