💫💫ဗုဒ္ဓကိုယ်တွေ့အတိုင်းကျင့်မှ နိဗ္ဗာန်ရမယ်💫💫
တချို့က ထင်တတ်ကြတယ်။ ပြောတတ်ကြတာ ရှိတယ်ပေါ့ ...။ စာပေမှာ ဖော်ပြထားတဲ့အတိုင်း မကျင့်နဲ့။ ခန္ဓာကိုယ်တွေ့ပဲ ကျင့်ဆိုပြီး ဒီလို ပြောတတ်ကြတာတောင် ရှိပါသေးတယ်။ စာပေထဲကအတိုင်း မကျင့်ဘဲ ကိုယ်ကျင့်ချင်သလို လျှောက်ကျင့်ရင် အကုန်လွဲကုန်မှာပေါ့။ ဒီလို ဆိုလိုတာပေါ့ . . . နော်။ ကိုယ့်ရဲ့ခန္ဓာကိုယ်တွေ့ဟာ စာပေနဲ့ မညီတဲ့ ခန္ဓာကိုယ်တွေ့ဆိုရင်တော့ အဲ့ဒါ အမှားသာ ဖြစ်တယ်လို့ ဒီလို မြဲမြံစွာ မှတ်ထားကြရမယ်။
အမှန်တကယ်က စာပေက မမှားပါဘူး။
စာပေမှာ လာရှိတဲ့အတိုင်း မကျင့်တာကသာ မှားနေတာပါ ...။ ငါတို့က ခန္ဓာကိုယ်တွေ့ကွ၊
စာတွေ့မဟုတ်ဘူးဆိုပြီးတော့
တစ်ချို့က ပြောတတ်ကြတာ ရှိတယ်ပေါ့...။
စာတွေ့ကို လျှောက်ပယ်နေရင်
အဲ့ဒါ ပရိယတ်ကို ပယ်တာပဲ။
ဒီလို ဆိုလိုတာပေါ့ . . . နော်။
စာတွေ့ဆိုတာ ဗုဒ္ဓရဲ့ ကိုယ်တွေ့ပဲ ဖြစ်တယ်ပေါ့။ ဒါ့ကြောင့် စာပေကို မပယ်ရတာ ဖြစ်တယ်ပေါ့။
စဉ်းစားကြည့်ပါ . . . ဘုရားရှင်ရဲ့ ကိုယ်တွေ့ရယ်၊ မိမိဆရာသမားရဲ့ ကိုယ်တွေ့ရယ်၊ မိမိ ကိုယ်တွေ့ရယ်ဆိုပြီး ၃ မျိုးရှိတဲ့အထဲမှာ
မိမိ ကိုယ်တွေ့ဆိုတာကလည်း မှားနိုင်တာပဲ။ မိမိဆရာသမားရဲ့ ကိုယ်တွေ့ဆိုတာကလည်း မှားနိုင်သေးတာပဲ။ လုံးဝ မမှားနိုင်တာက ဘယ်ကိုယ်တွေ့လဲဆိုရင် ဘုရားရှင်ရဲ့ ကိုယ်တွေ့ပဲ ဖြစ်တယ်ပေါ့ . . .။ ဘုရားရှင်ရဲ့ ကိုယ်တွေ့ဆိုတာ ဘာကို ပြောတာလဲဆိုရင် ဘုရားရှင် ဟောကြားတော်မူခဲ့တဲ့ ပရိယတ္တိတရားတော်ဖြစ်တဲ့ ပါဠိတော်တွေ၊ အဲ့ဒီ ပါဠိတော်တွေကို ဖွင့်ဆိုပြထားတဲ့ အဋ္ဌကထာ၊ ဋီကာတွေပါပဲ...တဲ့။
အဲ့ဒါကြောင့် ပရိယတ္တိစာပေတွေကို မပယ်ရှားတဲ့၊ ပရိယတ္တိစာပေဖြစ်တဲ့ ပါဠိ၊ အဋ္ဌကထာ၊ ဋီကာနဲ့အညီ ပြည့်ပြည့်စုံစုံ ပြသပေးနိုင်တဲ့ ဆရာသမားကို မိမိက ရှာဖွေနိုင်ဖို့တော့ လိုပါတယ်။ ဒါပေမဲ့ မရှာဖွေနိုင်လို့ ဆိုပြီးတော့ ပရိယတ္တိစာပေဖြစ်တဲ့ ပါဠိ၊ အဋ္ဌကထာ၊ ဋီကာတို့နဲ့လည်း မညီညွတ်ဘဲ၊ ပြည့်ပြည့်စုံစုံလည်း မပြသပေးနိုင်တဲ့ ဆရာသမားထံမှာ တပည့်ခံပြီး ကျင့်သုံးမိမယ်ဆိုရင်တော့ မိမိ အလိုရှိတဲ့ မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်၊ နိဗ္ဗာန်ကို ရရှိနိုင်မှာ မဟုတ်ဘဲ မဂ်ဉာဏ်၊ ဖိုလ်ဉာဏ် အတုဖြစ်တဲ့ ဘဝင်စိတ်ကိုသာ ရရှိမှာ ဖြစ်တယ်ပေါ့ ...။ အဲ့လို ဘုရားရှင် ဟောကြားခဲ့တဲ့ စာပေဖြစ်တဲ့ ပါဠိတော်တွေကို ပယ်တဲ့သူဟာ ဘုရားကို ပယ်သည် မည်ပါတယ် ... တဲ့။
ပါဠိတော်ကိုပယ်လျှင် ဘုရားကိုပယ်သည်မည်၏
-------------------------------------
တရားဆုံးဖြတ်ရာ၌ စတုဗ္ဗိဓဝိနယခေါ် မဟာပဒေသ လေးပါးတို့တွင် သုတ္တခေါ် ပါဠိတော်ကိုလည်းကောင်း၊
ယင်းပါဠိတော်နှင့် လျော်သော ဒေသနာတော်များကိုလည်းကောင်း မည်သူမျှ ပယ်ခြင်းငှါ လုံးဝမထိုက်။ မည်သူမျှ မပယ်အပ်၊ မပယ်ကောင်းပါ၊
ရဟန်းရှင်လူအားလုံး လက်ခံလိုက်နာရ၏။ ပရိယာယ်ဝေဝုစ်ဖြင့် ဉာဏ်ထုတ်ဖယ်ရှား တားမြစ်အံ့သောငှာ မစွမ်းနိုင်။ ယင်း ထေရဝါဒ ပါဠိ
ပိဋကတ်တော်များကို အကယ်၍ ပယ်လျှင် မြတ်စွာဘုရားကို ပယ်သည်မည်၏။
တတ္ထ သုတ္တံ အပ္ပဋိဗာဟိယံ တံ ပဋိဗာဟန္တေန ဗုဒ္ဓေါဝ ပဋိဗာဟိတော ဟောတိ-ဟူ၍ မိန့်တော်မူ၏။ (မဟာဝဂ္ဂအဋ္ဌကထာ၊ ၁၅၇။)
တတ္ထ၊ ထိုလေးပါးတို့တွင်။ သုတ္တံ၊ ပါဠိတော်မြတ် ထေရဝါဒပိဋကတ်ကို။ အပ္ပဋိဗာဟိယံ၊ မတားမြစ်အပ် (မပယ်အပ်ပေ)။
တံ၊ ထိုပါဠိတော်မြတ် ထေရဝါဒပိဋကတ်ကို။ ပဋိဗာဟန္တေန၊ တားမြစ်သော (ပယ်သော) သူသည်။ ဗုဒ္ဓေါဝ၊မြတ်စွာဘုရားကိုသာလျှင်။ ပဋိဗာဟိတော၊ တားမြစ်အပ်သည် (ပယ်အပ်သည်) မည်သည်။ ။ ဟောတိ၊ ဖြစ်၏။
(မဟာဝဂ္ဂအဋ္ဌကထာ-၁၅၇)
"ပါဠိတော်မြတ် ထေရဝါဒပိဋကတ်ဟုဆိုအပ်သော ပရိယတ်ကို မပယ်အပ်ပေ။
ထိုပါဠိတော်မြတ် ထေရဝါဒပိဋကတ်ဟုဆိုအပ်သော ပရိယတ်ကို ပယ်သောသူသည်
မြတ်စွာဘုရားကိုသာလျှင် ပယ်သည် မည်ပေ၏" လို့ မဟာဝဂ္ဂအဋ္ဌကထာမှာ အတိအကျ ပြဆိုထားတဲ့အတွက် ပရိယတ်စာပေကို မပယ်ဖို့နဲ့ မဂ်ဉာဏ်၊ ဖိုလ်ဉာဏ် ရရှိရေးအတွက်လည်း ပရိယတ်စာပေမှာ ညွှန်ကြားထားတဲ့အတိုင်း ပြည့်ပြည့်စုံစုံ လိုက်နာကျင့်သုံးဖို့ရာ
အလွန် အရေးကြီးတယ်ဆိုတာ
အင်မတန်မှ ထင်ရှားနေပါတယ်။
ပရိယတ္တိစာပေက ညွှန်ပြထားတဲ့အတိုင်း မကျင့်သုံးဘဲ ခန္ဓာကိုယ်တွေ့ဆိုပြီး ပရိယတ္တိစာပေနဲ့ ဆန့်ကျင်ပြီးတော့
ပရိယတ္တိစာပေနဲ့ မညီညွတ်ဘဲ
ကိုယ် ကျင့်သုံးချင်သလို ကျင့်သုံး၍
မဂ် ဖိုလ် နိဗ္ဗာန်ကို မရနိုင်တဲ့အပြင် ကြီးလေးတဲ့ အပြစ်ပင် ဖြစ်နိုင်ကြောင်းကို
ဥဒါန်းအဋ္ဌကထာက အောက်ပါအတိုင်း ဖွင့်ဆိုပြထားပါတယ်။
ကိုယ်ကျင့်ချင်သလို ကျင့်တာ ဘာမှ မဖြစ်ဘူးလို့ မထင်နဲ့နော် . . .
--------------------------------------------
ဒုပ္ပဋိပန္နော ဟိ သာသနံ ဘိန္ဒန္တော သတ္ထုဓမ္မသရီရေ ပဟာရံ ဒေတိ နာမ။
(ဥဒါန်း အဋ္ဌကထာ၊ ဗာဟိရသုတ္တန် အဖွင့်)
ဒုပ္ပဋိပန္နော - ကျင့်စဉ်လွဲချော်နေသော ပုဂ္ဂိုလ်သည်၊
သာသနံ ဘိန္ဒန္တော - ဘုရားရှင်၏ အဆုံးအမ သာသနာတော်ကို ဖျက်ဆီးလျက်၊
သတ္ထုဓမ္မသရီရေ - ဘုရားရှင်၏ တရားတည်းဟူသော ခန္ဓာအိမ်၌၊
ပဟာရံ - ပုတ်ခတ်စော်ကားခြင်းကို၊
ဒေတိနာမ - ပေး၍နေသည် မည်ပေ၏။
(ဥဒါန်း အဋ္ဌကထာ၊ ဗာဟိရသုတ္တန် အဖွင့်)
ကိုယ်ကျင့်ချင်သလို ကျင့်တာ ဘာမှ မဖြစ်ဘူးလို့ မထင်နဲ့နော်...။
ကိုယ်ကျင့်ချင်သလို ကျင့်ပြီး ကျင့်စဉ်လွဲချော်နေတဲ့ ပုဂ္ဂိုလ်ဟာ ဘုရားရှင်၏ အဆုံးအမ သာသနာတော်ကို ဖျက်ဆီးနေသည်လည်း မည်တယ်။
ဘုရားရှင်၏ တရားတည်းဟူသော ခန္ဓာအိမ်၌
ပုတ်ခတ်စော်ကားနေသည်လည်း မည်ပါတယ် ... ဆိုပြီးတော့
ဥဒါန်း အဋ္ဌကထာက မှတ်ချက်ချထားပါတယ်။
Credit Aung Khant Maw
Негізгі бет "အန္တရာယ်ကင်းပရိတ်ကြီး" ( ကြာနီကန်ဆရာတော်)
Пікірлер: 411