AA နဲ့ စစ်ကောင်စီ ဆွေးနွေးပွဲပျက် (ရုပ်/သံ)
မိုးသောက်၊ မေ ၁၈၊ ၂၀၂၄
တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာ ပြုလုပ်တဲ့ အာရက္ခတပ်တော်(AA) နဲ့ စစ်ကောင်စီ တို့ရဲ့ ဆွေးနွေးပွဲဟာ ဘာသဘောတူညီမှုမှ မရဘဲ ပွဲပျက်ခဲ့ရတယ်လို့ ဆွေးနွေးပွဲနဲ့ နီးစပ်တဲ့ အသိုင်းဝိုင်းက ဧရာဝတီကို ပြောပါတယ်။
ကူမင်းမြို့မှာ မေလ ၁၆ ရက်နေ့က သီးခြားပြုလုပ်ခဲ့တဲ့ အဲဒီဆွေးနွေးပွဲမှာ AA ဘက်မှ ဒုတိယ စစ်ဦးစီးချုပ် ဒေါက်တာ ညိုထွန်းအောင် ဦးဆောင် ခဲ့ပြီး အမျိုးသား စည်းလုံး ညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ဘက်က စစ်ဥပဒေချုပ် ဒုတိယဗိုလ်ချုပ်ကြီး မျိုးသန့်နိုင် ဦးဆောင်တဲ့ အဖွဲ့တို့အကြား တင်းမာတဲ့ ဆွေးနွေးမှုတွေနဲ့ ရပ်တန့်လိုက်ရတာဖြစ်တယ်လို့ သိရပါတယ်။
ဆွေးနွေးပွဲနဲ့ နီးစပ်သူ တချို့ကတော့ စစ်တပ်ဟာ တို့တာဝန် အရေးသုံးပါးနဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကိုင်ပြီး ပြောခဲ့သလို AA ဘက်ကလည်း ရခိုင်ပြည်နယ်မှာ AA တပ်တခုတည်းသာ ရှိရေးနဲ့အရပ်သားပြည်သူတွေအပေါ် ပစ်မှတ်ထားတိုက်ခိုက်မှုတွေ မပြုလုပ်ရေး တင်းတင်း မာမာ ပြောဆိုခဲ့ကြတယ်လို့ ဆိုပါတယ်။
ကူမင်းမြို့မှာ မေလ ၁၄ ရက်နေ့နဲ့ ၁၅ ရက်နေ့တွေမှာ
တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ အာရက္ခတပ်တော် (AA) နဲ့ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) တို့အကြား ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကြပါသေးတယ်။
Негізгі бет AA နဲ့ စစ်ကောင်စီ ဆွေးနွေးပွဲပျက် (ရုပ်/သံ)
Пікірлер: 238