ဒီတော့ ဒီဂါထာဟာ အခုလို စေတီ ထီးတင်တဲ့အခါ မှာ ဒီလို ရွတ်ရသကိုး ဟု ကျွန်ုပ်နားလည်လိုက်မိသည်။ ဒီထက်ပို မသိ။
လောကီအသုံး မရှိသလောက်နည်း၍ လောကီအသုံးမရှိ ဟု မှားယွင်းစွာ ကျွန်ုပ်နားလည်နေမိသည်။
နောက်တစ်ချက်က မူကွဲ ကိစ္စ။
တစ်ကျောင်းတစ်ဂါထာ - တစ်ရွာတစ်ပုဒ်ဆန်း ဆိုပြီး ဂါထာ တစ်ပုဒ်က မူကွဲတွေ ထွက်နေတတ်သည်။ ဘယ်ဟာအမှန် ဘယ်ဟာမူရင်း ခွဲရခက်လှသည်။
ယခု အဘ၏ အောင်ထူးဆန်းဂါထာလည်း မူကွဲအနည်းငယ် ရှိနေပါသည်။
သိုသော် ကျွန်ုပ်အယူသဘောကား ထိုဂါထာသည် မူကွဲခွင့် မရှိ။ မသိမတတ် ထင်ယောင်မှန်းချသူများကြောင့် မူကကွဲရသည်။
အောင်ထူးဆန်းဂါထာ ကို လုအတော်များများ သိကြသည်။ အထူးသဖြင့် အဘအောင်မင်းခေါင် ၏ သားတပည့် ပဋ္ဌာန်း ဆက်အားလုံး သိကြသည်။
အခုဆို on line စာမျက်နှာတွေပေါ မှာလည်း ဟိုဆရာကတင် ဒီ ဆရာကတင် ဆိုတော့ လူသိများပြီးသား။
သိုသော် ဂါထာသာ တင်နေကြသည်။
လိပ်ပြာလုံစွာ ဝန်ခံစတမ်းဆိုလျှင် သူ့ လျှိဝှက်ချက် ဝှက်ဖဲ တွေကို မသိ။ ကျွန်ုပ်လည်း ထိုအချိန်က မသိခဲ။ ဝန်ခံရဲပါသည်။
နောင်တွင် ဟာ ကနဲ အံ့သြရအောင် သိလာခွင့်ရခဲ့သည်။
သိုသော် လူတိုင်းအတွက် မဟုတ်။ လူတိုင်းသိရန် မလိုသေး ဟူသော အာပတ်ခံဝန်ချက်ဖြင့် ကျွန်ုပ်သည် အများသိသင့်သလောက် / ခွင့်ပြုချက်ရှိသလောက်ကို တင်ပြ ပါမည်။
ဝှက်ဖဲများကိုမူ ဆရာမှ တပည့်ကိုသာ ပေးပါမည် ဟူသော ပေးကတိ အတိုင်း စောင့်ထိန်း ပါမည်။
သဲလွန်စ အဖြစ် ဤ ဂါထာ၏ ဝှက်ဖဲကို သွယ်ဝိုက်၍ စောင်းပါး ရိပ်ချည် ပြခဲ့ပါမည်။
(1) မြန်မာပြည် နယ်ချဲ့လက်အောက် ကျနေသော အချိန် ဖြစ်သည်ကို ပြန်အမှတ်ရပါ။
(2) ရန် အနှောင့် အဖျက် အပိတ် ကို ဖြိုဖျက်တွတ်းလှန်တိုက် ဖျက်သော အတိုက်အစီရင်သည်လည်း ကျိန်းသေ ရှိနေပါ၏
{{ မြစကြာ }}
Негізгі бет အဘအောင်မင်းခေါင် ၏ အောင်ထူးဆန်း ဂါထာကို ခွဲခြမ်း သုံးသပ်ဖွင့်ဟခြင်း။
Пікірлер