“အကြမ်းဖက်စစ်ကောင်စီက လက်နက်ခဲယမ်းတွေ တအားများတယ်။အချိန်မရွေး ပစ်နိုင်ခတ်နိုင်တယ်။ ကိုယ်ဆီ မှာ ကျတော့ ကျည်ဆန်တစ်ရာလောက်ကို ချွေတာနေရပေမယ့် သူတို့က ကျည်ဆန်တစ်ထောင်လောက်ကို ပစ်နိုင် တယ်။နောက်ပြီး အနည်းဆုံးရဟတ်ယာဉ်လောက်ကို ပစ်ချနိုင်တဲ့လက်နက်မျိုးလိုအပ်နေတာတွေ့ရတယ်။”
ရှေ့တန်းစစ်မျက်နှာကိုကိုယ်တိုင် ကိုယ်ကျသွားရောက်ထောက်ပံ့မှုများ ပြုလုပ်ပေးခဲ့သည့် AAC မဟာမိတ်အဖွဲ့မှ ဦးဆောင်တာဝန်ခံ ကိုရဲမင်းနှင့်တွေ့ဆုံမေးမြန်းခြင်း
By ရန်ကုန်ခေတ်သစ်
မင်းအောင်လှိုင်ခေါင်းဆောင်တဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ကို တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အင်အားစုတွေ အပါအဝင် ပြည်သူ့ကာကွယ်ရေးတပ်တွေဖြစ်တဲ့ PDF တပ်ဖွဲ့တွေဟာ နိုင်ငံအနှံ့ တွန်းလှန် တိုက်ခိုက် ခြေမှုန်းနေကြပါတယ်။ ဒီလို တိုက်ခိုက်ခြေမှုန်းတဲ့နေရာမှာ ပြည်တွင်း ၊ ပြည်ပမှာ ရှိတဲ့ ပြည်သူတွေဟာ အမှန်တရားအတွက် ရပ်တည်ရင်း ဒီတော်လှန်ရေးမှာ ကဏ္ဍအသီးသီးကနေ တော်လှန်ရေး ရန်ပုံငွေပွဲတွေ ကံစမ်းမဲပွဲတွေ ပြုလုပ်ပြီးတော့ ထောက်ပံ့ လှူဒါန်း နေကြပါတယ်။အဲ့ဒီလို ထောက်ပံ့လှူုဒါန်းမှုတွေထဲက ကိုရဲမင်း ( AAC ) မဟာမိတ်အဖွဲ့က ဦးဆောင်ပြီး ပြုလုပ်တဲ့ ပြည်သူ့ရတနာ တော်လှန်ရေး ရံပုံငွေ ကံစမ်းမဲပွဲကနေ ရန်ပုံငွေတွေ ရရှိခဲ့ပါတယ်။ အဲ့ဒီ့က ရတဲ့ ပြည်သူတွေရဲ့ အလှူငွေတွေနဲ့ တော်လှန်ရေးမှာ အဓိကအရေးပါတဲ့ လက်နက်ပစ္စည်းတွေကို ကိုရဲမင်း က ဦးဆောင်ပြီး ရှေ့တန်းစစ်မြေပြင်အထိ သွားရောက် ထောက်ပံ့ လှူဒါန်း ပို့ဆောင်ခဲ့ကြပါတယ်။ ရှေ့တန်းစစ်မြေပြင်အထိ သွားရောက်လှုဒါန်းဖြစ်ပုံတွေစစ်မြေပြင်မှာ တိုက်ပွဲဝင်နေတဲ့ ရဲဘော်တွေရဲ့ ကြိုးစားနေမှုတွေကို ကိုရဲမင်းကိုယ်တိုင် ရှေ့တန်းမှာ ကြုံတွေ့ခဲ့ရတဲ့ အခြေနေတွေကို သိနိုင်ဖို့အတွက် ဆက်သွယ်မေးမြန်းထားပါတယ်။
Негізгі бет AACမဟာမိတ်အဖွဲ့မှဦးဆောင်တာဝန်ခံကိုရဲမင်းနှင့်တွေ့ဆုံမေးမြန်းခြင်း
Пікірлер: 858