အထက်တန်းစား - ( Official Trailer - 2 )
ဖေကြီးအောင်စည်ရဲ့ အထက်တန်းစား
တစ်နေ့ ရွာသူရွာသားတွေက စုန်းမကြီးဆိုပြီး ရွာပြင်ထုတ်ထားတဲ့ အမေလှရဲ့ တဲစုတ်လေးရှေ့မှာ မွေးကင်းစကလေး တစ်ယောက်ကိုမြင်တော့ အမေလှကသနားပြီး ကောက်ယူမွေးစားခဲ့တယ်။
ဒါကို ရွာသူရွာသားတွေက အမေလှမွေးထားတဲ့ကလေး စုန်းကဝေ ပညာတွေနဲ့ မွေးထားတဲ့ကလေးဆိုပြီး ပစ်ပယ်ကြပြန်တယ်။ ဒါပေမယ့် အမေလှက ဘယ်သူတွေဘယ်လိုပြောပြော ဒီကလေးကို ပြုစုပျိုးထောင်ပေးခဲ့တယ်။ ဒီကလေး သိတတ်စအရွယ်ရောက်တော့ တစ်ရွာလုံးရဲ့ သံသယတွေ ပိုမိုကြီးထွားလာခဲ့တယ်။ ကလေးမှာ ထူးခြားတဲ့ပါရမီတွေ ပါလာခဲ့တယ်။ ရွာထဲက သရဲပူးကပ်ခံနေရတဲ့ လူတွေ ပယောဂစွဲကပ်နေတဲ့လူတွေကို ကလေးရဲ့ မွေးရာပါ ပညာပါရမီနဲ့ ကုသပျောက်ကင်းစေခဲ့တယ်။
နတ်ကန္နားပွဲတွေ ရောက်တဲ့အခါမှာလဲ ဝင်ပူးနေတဲ့နတ်တွေရဲ့ အထူးချစ်ခင်နှစ်သက်ခြင်းကိုလည်းခံရပြီး နတ်တွေရဲ့ကူညီစောင့်ရှောက်မူကိုလည်း ခံရပြန်တယ်"
ဒီကလေးက တခြားသူမဟုတ် တစ်ချိန်မှာ ကန္နားစီး တစ်ယောက်ဖြစ်လာမယ့် ဖေကြီးအောင်စည်ဆိုတာပါပဲ။
ကန္နားစီးဖေကြီးဦးအောင်စည် လူလားမြောက်လို့ အရွယ်ရောက်လာတဲ့ အခါမှာတော့........
- ရိုးရာဓလေ့ထုံးတမ်းစဉ်လာ ယုံကြည်ကိုးကွယ်မှုများဖြစ်တဲ့
ဓာတ် ၊နတ် ၊သိုက် ၊ပယောဂ နှင့် အကြားမြင်စတဲ့လျှို့ဝှက်ဆန်းကျယ်မှုတွေ
- အကယ်ဒမီနေတိုးရဲ့ဘဝမှာ တစ်ကြိမ်တစ်ခါမှမလုပ်ခဲ့ဖူးသေးတဲ့ ကန္နားစီး နတ်ဆရာတစ်ယောက်ရဲ့ကာရိုက်တာ
🌟🌟 အထက်တန်းစား 🌟🌟
ဇာတ်လမ်း - ရွှန်းရမီမိုး
ဇာတ်ညွှန်း - မိုးနီလွင်
ဒါရိုက်တာ - နေပိုင်
နေတိုး ၊ ညီထွဋ်ခေါင်၊ သူရိယ၊ ကောင်းဆက်ထူး၊ ဝေယံကျော်၊ မြတ်ကေသီအောင်၊ စိုးမိုးကြည်၊ ပိုးအိအိခန့်နှင့် အနုပညာရှင် များစွာပါဝင်သည်။
၂၂.၈.၂၀၁၉ မြန်မာတစ်နိုင်ငံလုံးတွင် ပြပြီ။
Негізгі бет အထက်တန်းစား - ( Official Trailer - 2 )
No video
Пікірлер: 1