မင်္ဂလာပါခင်ဗျာ Jab ကနေ ပြန်လည်ကြိုဆိုပါတယ်။
ကျွန်တော်တို့နဲ့ အနီးကပ်ဆုံး ရှိနေတဲ့ ဒီမိုကရေစီ နိုင်ငံကိုပြပါဆိုရင် အိန္ဒိယကို ပြရပါလိမ့်မယ်။
ဗုဒ္ဓဟာ အဲဒီနယ်မြေမှာပွင့်ခဲ့ပါတယ်။
အင်္ဂလိပ်တွေဟာ မြန်မာကို သိမ်းဖို့ အိန္ဒိယကို ခြေကုပ်ယူခဲ့ဖူးပါတယ်။
ဗိုလ်ချုပ်အောင်ဆန်း အင်္ဂလန်ကို သွားတုန်းကလည်း အိန္ဒိယကို တစ်ခေါက်ဝင်ခဲ့ပါသေးတယ်။
အဲဒီမှာ နေရူးလက်ဆောင်ပေးခဲ့တဲ့ ကုဒ်အကျီၤနဲ့ ဗိုလ်ချုပ်ဟာ အင်္ဂလန်ကို လွတ်လပ်ရေးအတွက် ထွက်ခွာခဲ့ဖူးပါတယ်။
ဒီနိုင်ငံက လွတ်လပ်ရေးဖခင်ကြီး မဟတ္တမ ဂန္ဒီဆိုရင်လည်း မြန်မာပြည်ကိုလာခဲ့ဖူးသလို ဦးနုအစိုးရလက်ထက်မှာလည်း အိန္ဒီယခေါင်းဆောင်ကြီး နေရူးအစိုးရ နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိခဲ့ဖူးပါတယ်။
မြန်မာ့တပ်မတော်ကိုလည်း ကူညီပေးဖူးတာတွေရှိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ဟာ အိန္ဒိယရဲ့ သမိုင်းကြောင်းတွေကို သိပ်မသိဘူးလို့ ပဲ ဆိုရမှာပါ။
ဒီနေ့ Video မှာတော့ ကျွန်တော်တို့ အနီးအနားမှာရှိတဲ့ အင်အားကြီးနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ အိန္ဒိယရဲ့ သမိုင်းအကျဉ်းကို လေ့လာရတော့မှာပါ။
ကဲ လွန်ခဲ့တဲ့ နှစ် ၅၀၀၀ ကို သွားကြည့်ကြရအောင်.....
Негізгі бет အင်ဒက်စ်မြစ်ဖျားကနေ ယနေ့ အိန္ဒိယ နိုင်ငံတော်ဆီသို့ နှစ်ပေါင်း ၅၀၀၀ ခရီး
Пікірлер: 70