၂၀၀၃-၂၀၀၄ ခုနှစ် ဘောလုံး ရာသီကုန်ဆုံးချိန်မှာတော့ အာဆင်ဝင်းဂါး ရဲ့ အာဆင်နယ် အသင်းဟာ အမှတ်ပေးဖလား (၃၈) ပွဲ ယှဉ်ပြိုင် ကစားရာမှာ (၂၆)ပွဲ နိုင် ၊ (၁၂) ပွဲ သရေ ၊ ရှုံးပွဲ လုံးဝမရှိ ဆိုတဲ့ အံ့ဖွယ် စံချိန် မှတ်တမ်းကြီး နဲ့ ပရီးမီးယားလိဂ်ဖလား ကို သိမ်းပိုက် ပြလိုက်ပါတယ်။
ဒါဟာ ၁၈၈၈-၈၉ ခုနှစ်တုန်းက ရှုံးပွဲမရှိ နဲ့ အမှတ်ပေးချန်ပီယံ ဖြစ်ခဲ့တဲ့ ပရက်စတန် နောက်ပိုင်း အင်္ဂလန် ဘောလုံးသမိုင်း တစ်လျှောက် အကြီးကျယ် အခမ်းနားဆုံး ဖြစ်ရပ်ကြီး တစ်ခုပါ ၊
အထူးသဖြင့် ပရီးမီးယားလိဂ် လို ကမ္ဘာ့ အခက်ခဲကြမ်းတမ်းဆုံး လိဂ်ပြိုင်ပွဲတွေ ထဲက တစ်ခုမှာ ဒီလို စံချိန်မှတ်တမ်းမျိုး နဲ့ ဗိုလ်စွဲခဲ့တဲ့ အာဆင်နယ် အသင်း ဟာ ကမ္ဘာတစ်ဝှမ်းလုံး က ဘောလုံးပရိသတ် အပေါင်း ကိုလည်း အံ့ဩ မှင်သက် စေခဲ့ပါတယ်
Негізгі бет အင်္ဂလန် ဘောလုံးသမိုင်း ရဲ့ တစ်ဦးတည်းသော ရွှေဖလား မူပိုင်ရှင် (သို့) ၂၀၀၃-၂၀၀၄ အာဆင်နယ်
Пікірлер: 56