သူဇာဟာ မိသားစုအတွက် အိမ်မှုကိစ္စအဝဝကို လစ်ဟာမှုမရှိအောင် ဖြည့်ဆည်းပေးနိုင်သူတစ်ယောက်၊ ဒါ့အပြင် မိသားစုဝင်ငွေကိုလည်း တစ်ဖက်တစ်လမ်းရရှိအောင် ကြိုးစားရုန်းကန်နေသူတစ်ယောက်…
ဒီလို အိမ်ထောင်ရှင်မ ကောင်းတစ်ယောက်အတွက် ကျန်းမာတဲ့ လူနေမှုဘဝဟာ အင်မတန်အရေးကြီးအချိန်မှာ အတားအဆီးအဟန့်အတားတွေက ဘာတွေဖြစ်မလဲ။
ဒီလိုအတားအဆီးတွေကို ဘယ်လိုကျော်လွှားမလဲ ဆိုတာ ဒီအသိပညာပေးဗီဒီယိုကတစ်ဆင့် လေ့လာကြည့်ရအောင်…
--------
အိမ်တွင်းလေထုညစ်ညမ်းမှုကြောင့် မကူးစက်နိုင်တဲ့ ရောဂါများဖြစ်တဲ့ နာတာရှည် အဆုတ်ပွ အသက်ရှူလမ်းကြောင်းကျဉ်းရောဂါ၊ လေဖြတ်ခြင်း၊ နှလုံးသွေးကြောကျဉ်းရောဂါ၊ နဲ့ အဆုတ်ကင်ဆာရောဂါ တို့ကိုဖြစ်စေနိုင်ပါတယ်။
အမျိုးသမီးများနဲ့ ကလေးငယ်များဟာ အခုလို အိမ်တွင်းလေထုညစ်ညမ်းမှုကြောင့် ဖြစ်ပွားတဲ့ ရောဂါများ အန္တရာယ်ကို အဓိက ခံစားကြရသူတွေဖြစ်ပါတယ်။
#PoKyanMar #ပိုကျန်းမာ #BetterHealth #NonCommunicableDiseases #NCDs #COPD #AirPollution
Негізгі бет အိမ်တွင်းလေထုညစ်ညမ်းမှု နှင့် နာတာရှည် အဆုတ်နှင့်လည်ပြွန်ကျဉ်းရောဂါ (Indoor air pollution)
Пікірлер