ဒေါ်မာမာအေး အသက်ရှင်နေချိန်အထိ အစ်မကို ကြောက်ခဲ့ရပြီး အစ်မဖြစ်တဲ့ ဒေါ်မာမာအေးရဲ့ထမီကို ခေါက်ပေးတဲ့အထိ ချစ်ခဲ့သူ ဒေါ်မာမာအေးရဲ့မောင် အရှင်စန္ဒိမာ
---------------------------
အရှင်စန္ဒိမာ ဟာ ဂန္ထဝင် ဒေါ်မာမာအေးရဲ့မောင်အရင်းတော်စပ်သူ ဖြစ်ပါတယ်။ ဒေါ်မာမာအေး အသက်ရှင်နေချိန်အထိ အရှင်စန္ဒိမာက အစ်မဖြစ်သူကို အမေလို ကြောက်ရွံ့ခဲ့ပြီး အစ်မရဲ့စကား တစ်ခွန်းဆိုရင် တစ်ခွန်းအလျောက် နာခံပေးခဲ့သူပါ။ အစ်မဖြစ်သူ ဒေါ်မာမာအေးက မဟုတ်တာ မလုပ်သလို အစ်မက မှားတာ ပြောလာခဲ့ရင်တောင် အသက်ကြီးလို့ မှားတာပြောတာဖြစ်နိုင်တယ်ဆိုပြီး သူ့ဘက်က အမြဲပဲ သည်းညည်းခံပေးခဲ့ကြောင်း အရှင်စန္ဒိမာက မိန့်ပါတယ်။ ဒေါ်မာမာအေးက ငြိမ်မနေလို့ တစ်ခွန်းလောက် ပြန်ပြောလိုက်ရင် မရိုက်ဘဲ သာသာလေးနဲ့ နာအောင် စကားနဲ့ပြောတတ်တာက သူ့အစ်မ ဒေါ်မာမာအေးပဲဖြစ်တယ်လို့ ဘုန်းဘုန်းက ဆက်ပြီး မိန့်ပါတယ်။ စိတ်မရှည်ရင် အစ်မဖြစ်တဲ့ ဒေါ်မာမာအေးက မိန်းကလေးလို မဆဲဘဲ ယောက်ျားလေးလို ဆဲတတ်ကြောင်းလည်း ဘုန်းဘုန်းက ရယ်စရာမောစရာအဖြစ် မိန့်ကြားပါတယ်။ ငယ်ငယ်တုန်းက ဒေါ်မာမာအေးဟာ ယောက်ျားလိုပဲ ဝတ်တာကြောင့် လူအများက ဘိုတွတ် လို့ ခေါ်ကြတယ်လို့လည်း အရှင်စန္ဒိမာရဲ့မိန့်ကြားချက်အရ သိရှိရပါတယ်။ ဆုံးခါနီးအထိ ဒေါ်မာမာအေးရဲ့စိတ်က မာကျောနေဆဲဖြစ်သလို သူ့ရောဂါဒဏ် ခံစားနေရတာကို လူမသိအောင်နေတဲ့အထိ အစ်မဖြစ်တဲ့ ဒေါ်မာမာအေးက သတ္တိကောင်းလှတယ်လို့ အရှင်စန္ဒိမာက ဆက်မိန့်ပါတယ်။ အစ်မဖြစ်သူ ဒေါ်မာမာအေး ဟာ တရားလမ်းကြောင်းနဲ့ လာတဲ့သူဖြစ်တဲ့အတွက် နောက်ဆုံးအချိန်ကိုရောက်လာတဲ့အခါမှာတောင် ညင်ညင်သာသာနဲ့ အိပ်ပျော်သလိုပဲ ပြီးဆုံးသွားခဲ့တာလို့ ဘုန်းဘုန်းက မိန့်ပါတယ်။ မောင်ငယ်ဖြစ်တဲ့ အရှင်စန္ဒိမာနဲ့ ဂန္ထဝင်တေးသံရှင်ကြီး မာမာအေးတို့ရဲ့အကြားက ချစ်ခြင်းတရားတွေ၊ အမှတ်တရတွေကို Mercury Variety ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်။
#MercuryVariety #MV #MercuryExclusiveInterview #ExclusiveInterview #MercuryLifeStory #LifeStory #AShinSandiMar #အရှင်စန္ဒိမာ #အဆိုတော် #မာမာအေး #MarMarAye #Singer #တေးသံရှင် #မောင်နှမ #အမှတ်တရ #အစ်မရဲ့ထမီ #ချစ်ခြင်းမေတ္တာ #တရားလမ်းကြောင်း #ညင်ညင်သာသာ #Yangon #Myanmar
Негізгі бет အစ်မဖြစ်သူ ဒေါ်မာမာအေးရဲ့ထမီကို ခေါက်ပေးတဲ့အထိ ချစ်ခဲ့သူ ဒေါ်မာမာအေးရဲ့မောင် အရှင်စန္ဒိမာ
Пікірлер: 49