💥 အကင်နဲ့ဟော့ပေါ့ဘူဖေးကို အချိန်အကန့်အသတ်လုံးဝမရှိဘဲ 🧀 ချိစ့်ပါ Free Flow ရတဲ့ Thai Pot မှာ စားမယ် ..
ဘူဖေးဆိုရင် စိတ်ကြိုက်တစ်နေကုန် စားချင်တာတွေကို ဇိမ်နဲ့ထိုင်စားရတာကြိုက်တဲ့သူတွေအတွက်တော့ ဒီဆိုင်လေးကကွက်တိပဲ ..
Thai Pot မှာက အကင် + ဟော့ပေါ့ဘူဖေးအတွက် Package က ၂ မျိုးရှိပါတယ် ..
တစ်ဦးကို Standard Package - 22000 ks ( အပြီးအစီး ) / Premium Package - 31400 ks ( အပြီးအစီး ) ဆိုပြီးရှိပါတယ် ။
Standard Package ကတော့ ဆိုင်မှာ ဘူဖေးခင်းကျင်းထားတာအကုန်လုံးကို စိတ်ကြိုက်အဝစားလို့ရပြီး ..
Premium Package ကတော့ Standard Package မှာပါတာတွေအပြင်
Premium Menu သီးသန့်ထဲက အသား / ပင်လယ်စာ / အသားနှပ် / Thai Salad / Drinks / ကင်ချီ နဲ့ ချိစ့် Free Flow စတာတွေ အကုန် Unlimited မှာစားလို့ရတာမို့ကျွတ်ဆင်ကြီးဗျာ 😋
ကျတော်ကတော့ ရွေးချယ်စရာပိုများပြီး ပရီမီယံအရသာလေးခံစားချင်လို့ Premium Package လေးရွေးစားခဲ့ပါတယ် ။
သွားစားမယ်ဆိုရင် ..
ဆိုင်နာမည် : THAI POT
လိပ်စာ : အမှတ်(၄) ၊ ကန်လမ်း ၊ လှိုင်မြို့နယ် ( ပြည်လမ်းဘက်ကဝင်ရင်ပိုနီးပါတယ် )
ဖွင့်ချိန် : 11 am ~ 9 pm
ဖုန်းနံပါတ် : 09 500 7997 / 09 260 523 688
#burmeseguide #foodvlog #foodblogger #thaipot #unilimitedtime #buffet
Негізгі бет အကင်နဲ့ဟော့ပေါ့ အချိန်အကန့်အသတ်မရှိ အဝစားဘူဖေး
Пікірлер: 7