အလွယ်ဆုံး အုန်းထမင်းချက်နည်း
အလွယ်ဆုံးဆိုလို့ အရသာကိုအထင်မသေးလိုက်နဲ့နော်။ တကယ့်ဆိုင်တွေမှာရောင်းတဲ့ အုန်းထမင်းလိုပဲ ကောင်းမှကောင်း။ အိစံက party တွေမှာဆိုရင် ဒီနည်းလေးနဲ့ပဲချက်တယ်။ လွယ်ပြီး အလွန်စားကောင်းတဲ့အပြင် စားကြတဲ့သူတိုင်းက အမြဲမေးတယ် ဘယ်လိုချက်တာလဲပေါ့။ ဆီအရင်သတ်တာလား။ ဘာလားနဲ့။ ချက်နည်းပြောပြလိုက်တော့ ဟယ်... လွယ်လိုက်တာဆိုပြီး အံ့သြကုန်ကြတာပဲ။ အဓိက အမွှေးနံ့သာအတွက် သစ်ကြပိုးခေါက်က ထည့်ကိုထည့်ရမယ်နော်။ အဲ့တာမှ ပြည့်စုံတာပါ။ အခုနည်းကတော့ ထမင်းပေါင်းအိုးနဲ့ချက်တဲ့နည်းလေးပါ။ ကြိုက်တတ်ရင် နေ့တိုင်းတောင်လုပ်စားလို့ အဆင်ပြေတယ်။ ပြောနေတာတောင် ကြာနေသေးတယ် ဒီ Video လေးကြည့်ပြီးလုပ်စားကြည့်နော်။
ပါဝင်သောပစ္စည်းများ
၁။ ဒံပေါက်ဆန် (သို့) ပေါ်ဆန်းမွှေး - ထမင်းပေါင်းအိုးမှာပါတဲ့ ဆန်ချိန်ခွက်ဖြင့် ၃ ခွက်
၂။ အုန်းနို့ - ၄၀၀ ml
၃။ သစ်ကြပိုးခေါက် - ၁ ခု
၄။ ဆား - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
၅။ သကြား - ထမင်းစားဇွန်း ၁ ဇွန်း
၆။ ရေ - ဆန်ချိန်ခွက်ဖြင့် ၂ ခွက် (၃၆၀ ml)
၇။ Goody နေကြာဆီ - ထမင်းစားဇွန်း ၁ ဇွန်း
၈။ ကြက်သွန်နီကြော် - ထမင်းစားဇွန်း ၄ ဇွန်း
၉။ ကြက်သွန်နီ - ၂ ဥ (သို့) ၃ ဥ
(လက်ဖက်ရည်ဇွန်း ၁ ဇွန်း = 1 teaspoon = 5 ml)
(ထမင်းစားဇွန်း ၁ ဇွန်း = 1 tablespoon = 15 ml)
(ဆန်ချိန်ခွက် ၁ ခွက် = 180 ml)
Негізгі бет အလွယ်ဆုံး အုန်းထမင်းချက်နည်း
Пікірлер: 26