အင်းဝ - ဟံသာဝတီ နှစ် ၄၀ စစ်ပွဲအတွင်းကာလတုန်းက ထင်ရှားခဲ့တဲ့ပုဂ္ဂိုလ်တွေထဲမှာဆိုရင်တော့ 'ထီးဖြူဆောင်းမင်းကိုသာ သစ္စာခံ၍ခစားမည်။ ထီးဖြူမဆောင်းတဲ့ သူပုန်မင်းကို ဘယ်သောအခါမှ မခစား' လို့ဆိုခဲ့ဖူးတဲ့ 'အမတ်ဒိန် မဏိရွတ်' ကလည်းတစ်ဦးအပါအဝင်ဖြစ်ပါတယ်။ အမတ်ဒိန်ဟာ ရာဇာဓိရာဇ်ရဲ့ ခမည်းတော် ဗညားဦး လက်ထက်ကတည်းက ပညာရှိအမတ်ကြီးအဖြစ် ခစားခဲ့ဖူးသူဖြစ်ပြီး ဗညားဦးနတ်ရွာစံချိန်မှာတော့ အိမ်ရှေ့စံတင်မြှောက်ထားခြင်းမရှိတဲ့ ဟံသာဝတီထီးနန်းအရေးမှာလည်း ပညာရှိရှိပီပီ ပါးနပ်စွာနဲ့ပါဝင်ဖြေရှင်းပေးခဲ့ပါတယ်။ ဒီလိုနန်းတွင်းရေးရှုပ်ထွေးမှုတွေကို အမတ်ဒိန်တစ်ယောက် ဘယ်လိုမျိုးကိုင်တွယ်ဖြေရှင်းမလဲဆိုတာကိုတော့ ဇာတ်လမ်း Z-Lann ရဲ့ "ထင်ရှားကျော်ကြား တိုက်ပွဲအတွင်းကပုဂ္ဂိုလ်များ" အစီအစဉ်မှာ ဆက်လက်ရှုစားနားဆင်လိုက်ကြပါဦး။
အသံဖိုင်သီးသန့်နားထောင်လိုကြသူတွေကတော့ အောက်ပါလင့်ခ်ကနေတစ်ဆင့်ဝင်ရောက်ပြီး နားဆင်ခံစားနိုင်ပါတယ်။
Podcast link : bit.ly/3AXcAIo
#ZLann #ZLann_Podcast #ထင်ရှားကျော်ကြားတိုက်ပွဲအတွင်းကပုဂ္ဂိုလ်များ #အမတ်ဒိန်
Негізгі бет အမတ်ဒိန်
Пікірлер: 4