ကီးမား ဆိုတာ မြန်မာလို အသားအကြေလို့ အဓိပ္ပာယ်ရပါတယ်။ မိမိနှစ်သက်ရာ အသားကို ကြိတ်ထားပြီး မဆာနံ့မွှေးမွှေးလေး နဲ့ ကီးမားဟင်း ကို ထမင်း၊ ပလာတာ၊ နံပြားနဲ့ တွဲဖက်စားသုံးတဲ့အခါ လိုက်ဖက်မှုရှိပါတယ်။
#Cookfork1 #Myanmarcookingchannel #ကီးမား
ကျွန်တော် K2 ရဲ့ KZitem
@KatRead24 KZitem Channel အသစ်လေးကိုလည်း Subscribe လုပ်ပြီး အားပေးသွားပါဦးခင်ဗျာ။
/ @katread24
အခုမှ ဒီချန်နယ်ကိုရောက်လာတဲ့ သူငယ်ချင်းအသစ်တွေလည်း ကျွန်တော့်ရဲ့ Cookfork1 ချန်နယ် ကို Subscribe ပြီးအားပေးသွားပါဦးခင်ဗျာ
။ ဗီဒီယိုအသစ်တင်တိုင်း သိရဖို့အတွက် ဘေးနားက ခေါင်းလောင်းလေးကိုလည်း နှိပ်ဖို့မမေ့နဲ့နော်...
ဗီဒီယိုကိုကြည့်ပြီး မရှင်းလင်းတာရှိရင်လည်း comment ပေးပြီးမေးလို့ရပါတယ်။
လာရောက်ကြည့်ရှုသူ သူငယ်ချင်းလုံး ကျန်းမာပျော်ရွှင်ကြပါစေ။
ပါဝင်ပစ္စည်းများ
ဟင်းခတ်အမွှေးအကြိုင်များ
လေးညှင်းပွင့် - ၃ ပွင့်
သစ်ကြံပိုးခေါက် - ၁ ချောင်း (လက်တဆစ်)
ဖာလာစေ့ - ၃ ပွင့်
ဇီယာစေ့ - ၁ ဇွန်း (စားပွဲတင်ဇွန်း)
ငရုတ်သီးခြောက် - အနည်းငယ်
ကြက်သွန်ဖြူ - အနည်းငယ်
ကြက်သွန်နီ - ၂ လုံး
ချင်း (ဂျင်း) - အနည်းငယ်
ခရမ်းချဉ်သီး - ၁ လုံး
ဒိန်ချဉ် - အနည်းငယ်
အမဲသား - ၆၀၀ ဂရမ်
နနွင်းမှုန့် - အနည်းငယ်
ငရုတ်သီးမှုန့် - ၁ ဇွန်း (စားပွဲတင်ဇွန်း)
နံနံစေ့မှုန့် - ၁ ဇွန်း (လက်ဖက်ရည်ဇွန်း)
အသားမဆလာ - ၁ ဇွန်း (စားပွဲတင်ဇွန်း)
ဆား - ၁ ဇွန်း (လက်ဖက်ရည်ဇွန်း)
ထောပတ် - ၁ ဇွန်း
ဆီ
တို့လိုအပ်ပါတယ်။
Негізгі бет အမဲသား ကီးမား Beef keema curry recipe
Пікірлер: 19