"အမုန်းဖွဲ့တေး"ဇာတ်ကားအတွက် တေးရေးမြင့်မိုးအောင် သီးသန့်ရေးပေးခဲ့တဲ့ သူ့ရဲ့နာမည်ကြီး "အမုန်းဖွဲ့တေး"သီချင်းအကြောင်းကို ပြောပြတဲ့ ထက်နေကြည်
------------------------------------------------------
"အမုန်းဖွဲ့တေး"က ဇာတ်ကား ရှိတယ်။ ကိုလူမင်းနဲ့ မမိုးဟေကိုတို့ ရိုက်တဲ့ဇာတ်ကားလေး။ ဒါက ဇာတ်ကားအတွက် သီးသန့်ရေးပေးခဲ့တဲ့သီချင်း။ အဲ့ဒီဇာတ်ကားမှာ ဆရာမြင့်မိုးအောင်က ကျွန်တော့်ကို ခေါ်သုံးခဲ့တာ။ အဲ့ဒီကတည်းက ကျွန်တော့်အမေက ဒီသီချင်းကို ကြိုက်တာ။ ဘဝမှာ ကောင်မလေးတစ်ယောက်ရှိခဲ့တယ်။ အဲ့ကောင်မလေးက အစ်ကို့ပရိသတ်။ "အမုန်းဖွဲ့တေး"ကို အရမ်းကြိုက်တာ။ သွေးလေးဘက်နာနဲ့ သူဆုံးသွားခဲ့တယ်။ ဒီဘက်ခေတ်ကလေးတွေ ထက်နေကြည်ကို မသိရင်နေ၊ စိတ်မဝင်စားဘူး။ ဒါပေမဲ့ သီချင်းတစ်ပုဒ်ရဲ့ခေါင်းစဉ်ကိုတော့ တိတိကျကျ သိသင့်တယ်။ အင်တာဗျူးတစ်ခါ ကြုံဖူးတယ်။ လာမေးတဲ့ချာတိတ်တစ်ယောက်။ "အမုန်းဖွဲ့တေး"ဆိုတာကို မသိဘဲ အစ်ကို့ရဲ့ "မင်းသိမှာပါ"သီချင်းလို့ ပေါ့ပျက်ပျက်လုပ်ဖူးတယ် - ထက်နေကြည်
Негізгі бет Ойын-сауық အမုန်းဖွဲ့တေး သီချင်းအကြောင်းကို ပြောပြတဲ့ ထက်နေကြည်
Пікірлер: 26