မင်္ဂလာပါခင်ဗျ။
ကျွန်တော်တို့ ချန်နယ်လ်ကနေပြီးမြန်မာ့ရီုးရာဗေဒင်ပညာ၊ အရှေ့တိုင်းနဲ့ အနောက်တိုင်းနက္ခတ်ပညာရပ်တွေထဲက လေ့လာထားတာတွေ၊ ခန့်မှန်းချက်တွေ ဟောကိန်းတွေကိုတင်ပြပေးနေတာဖြစ်ပါတယ်၊ ကျွန်တော်တို့အနေနဲ့ အနောက်တိုင်းနက္ခတ်ဗေဒင်အရဟောကိန်းတွေ၊ခန့်မှန်းချက်တွေနဲ့ ဆက်စပ်အကြောင်းအရာတွေကို တင်ပြတဲ့အခါ ဖြစ်ပေါ်လာနိုင်တဲ့ ဖြစ်ရပ်တွေအပါအဝင် စိတ်နဲ့ပတ်သက်တဲ့ Psychic သဘောတရားအရ ဖြစ်တန်စွမ်းများကိုလည်း ဖေါ်ပြပေးလျက်ရှိပါတယ်။ ဒီလိုဖေါ်ပြတဲ့အခါမှာ မိဿပြိဿစတဲ့ရာသီဖွားအရဖေါ်ပြတာထက် ဖြစ်လာနိုင်တဲ့ ဖြစ်ရပ်တွေဟာ လူတစ်ဦးတစ်ယောက်ချင်းစီရဲ့ ဘယ်ကဏ္ဍ ဘယ်နယ်ပယ်မှာ ဖြစ်နိုင်တာလဲဆိုတာ တင်ပြနိုင်ဘို့အတွက် မွေးဇာတာခွင်က လဂ်နဲ့ ဖေါ်ထုတ်တင်ပြတာဖြစ်ပါတယ်။ မိမိဟာ အနောက်တိုင်း နက္ခတ်ဇာတာခွင်အရ ဘယ်ရာသီလဂ်လဲ၊ မိမိမွေးဖွားစဉ်မှာအနောက်တိုင်းနက္ခတ်ဇာတာခွင်အရဂြိုဟ်တွေ ဘယ်ရာသီ၊ ဘယ်ဘာဝမှာ ဘယ်ဂြိုဟ်နဲ့ ဘယ်ဂြိုဟ်ဟာဖြင့် အမြင်အယှဉ်ကောင်းတယ်ဆိုးတယ် ဆိုတာတွေကို သိရှိလိုလို့ ရှိရင် online ကနေ အလွယ်တကူ ကြည့်ရှုနိုင်ဘို့အတွက် ဒီဗွီဒီယိုကို တင်ပြပေးခြင်း ဖြစ်ပါတယ်။ ဇာတာကို Online ကနေ ဘယ်လို ရယူရမယ်ဆိုတာ မသိသူများအတွက် ဘယ်လို ကြည့်ရမလဲဆိုတာကို ကျွန်တော်အများအားဖြင့်ကြည့်လေ့ရှိတဲ့ astroseek.com မှာကြည့်နည်းကို ပြောပြပေးထားတာဖြစ်ပါတယ်ခင်ဗျာ။
အောက်က link တွေမှာ ဝင်ကြည့်လို့ ရပါတယ်ခင်ဗျာ။
လဂ်ကြည့်ချင်ပါက
horoscopes.ast...
ဇာတာခွင်ကြည့်လိုပါက
horoscopes.ast...
#Baydin #Nakhet #ဗေဒင်,#နက္ခတ်#astrology #horoscope
Негізгі бет အနောက်တိုင်းနက္ခတ်ဗေဒင်အရလဂ်နှင့်ဇာတာခွင် online မှ ကြည့်နည်း
Пікірлер: 1