အခန်း - ၁ (ပညာရေးနဲ့ ဘဝရဲ့ အနှစ်သာရ)
---------------------------------------------------------
‘အန္တရာယ်မရှိတဲ့ ပညာရေး’ အမည်ရ စာအုပ်သည် ကရစ်ရှနားမူရတီ၏ ‘Education and the Significance of Life’ ကို ဆရာရှိန်ဝါက ဘာသာပြန်ဆိုထားသော ပညာရေးဆိုင်ရာ စာအုပ်တအုပ်ဖြစ်ပါသည်။ ဤစာအုပ်ကို အသံစာအုပ် (Audiobook) အဖြစ် ယပ်တောကျောင်းက အခန်းဆက် မျှဝေသွားမည်ဖြစ်ပါသည်။
--------------------
“ဘဝရဲ့ အနှစ်သာရဆိုတာ ဘာလဲ။ ကျနော်တို့ ဘာအတွက် အသက်ရှင်နေကြရတာလဲ။ ကျနော်တို့ ပညာသင်ကြားတယ်ဆိုတာ ဘွဲ့ထူး ဂုဏ်ထူးတွေရဖို့ ၊ အလုပ်ကောင်းကောင်းရဖို့၊ ပိုပြီး ပြည့်စုံဖို့၊ ဩဇာအာဏာ ကြီးမားဖို့တွေ လောက်ကိုပဲ ရည်ရွယ်တာဆိုရင်တော့ ကျနော်တို့ရဲ့ ဘဝတွေဟာ ကျဉ်းမြောင်းပြီး အနှစ်သာရ ကင်းမဲ့နေမှာပေါ့။”
“ပညာရေးဟာ ဘဝနဲ့ ပတ်သက်လို့ သဟဇာတဖြစ်တဲ့အမြင်မျိုးရှိမနေသမျှ ကာလပတ်လုံး အနှစ်သာရ ရှားပါးနေတော့မှာပေါ့။”
အခန်း-၁ မှ ကောက်နုတ်ချက်
Негізгі бет အန္တရာယ်မရှိတဲ့ ပညာရေး၊ အခန်း-၁ (ပညာရေးနဲ့ ဘဝရဲ့ အနှစ်သာရ)
Пікірлер