အညာဒေသမှာ ရာဇဝတ်မှု ကျူးလွန်ခဲ့ကြောင်း စစ်တပ်ဝန်ခံ (ရုပ်/သံ)
ဘုန်းအောင်၊ အောက်တိုဘာ ၁၁၊ ၂၀၂၄
စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်အတွင်းက ကျေးရွာတွေ အပါအဝင် အညာဒေသ ကျေးရွာတွေကို စီးနင်းချိန်မှာ လူသတ်၊ လုယက်၊ မီးရှို့ဖျက်ဆီးတာတွေ လုပ်ဆောင်ခဲ့ပြီး အဲ့ဒီလို လုပ်ဆောင်ဖို့ အထက်အဆင့်ကလည်း အမိန့်ပေး
စေခိုင်းထားတယ်လို့ ဘုတလင် တိုက်ပွဲအတွင်း စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရတဲ့ ဗိုလ်ကြီးအောင်သူဇင်က ပြောပါတယ်။
ယင်းမာပင်ခရိုင် - Union Liberation Front (ULF) တပ်ပေါင်းစုကထုတ်ပြန်တဲ့ ရုပ်သံမှတ်တမ်းမှာ စစ်ကောင်စီ ခြေမြန်တပ်ရင်း (ခမရ) - ၃၀၉ ရဲ့ ဗိုလ်ကြီးအောင်သူဇင် က အညာဒေသခံတွေရဲ့ အဆောက်အဦးတွေကို မီးရှိ့
ဖျက်ဆီးဖို့အတွက် စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေနဲ့အတူ ပြည်သူ့စစ် ခေါ် ပျူစောထီးတွေလည်း ပူးပေါင်းပါဝင်ပြီး ဆောင်ရွက်ခဲ့တာလို့ ဝန်ခံပြောဆိုထားတာပါ။
#မြန်မာ #ဧရာဝတီ #အညာ #ဘုတလင် #ရာဇဝတ်မှု
----------------------------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: bit.ly/3btQYpR
Негізгі бет အညာဒေသမှာ ရာဇဝတ်မှု ကျူးလွန်ခဲ့ကြောင်း စစ်တပ်ဝန်ခံ (ရုပ်/သံ)
Пікірлер: 77