ခိုင်တို့မေမေက ပျော်ဘွယ်ဇာတိဆိုတော့ ဟင်းဆိုရင်အညာချက် လေးတွေချက်ပေးတာ အရမ်းစားလို့ကောင်းတယ်။
ဒီနေ့မနက်တော့ မေမေ ခိုင်တို့မောင်နှမတွေကို ငယ်ငယ်တုန်းက မကြာခဏကြော်ကျွေးတဲ့ထမင်းကြော်အရသာလေးကို လုပ်စားဖြစ်တယ်။ အဲ့တုန်းကဆို ထမင်းကြော်ရယ်၊ အိမ်မှာကြော်တဲ့အာလူးကြော်ရယ်နဲ့ထမင်းဘယ်နပန်းကန်မှန်းမသိစားတာပဲ။
ပျော်ဘွယ်သူမေမေကြော်ကျွေးတဲ့ထမင်းကြော်ဖြစ်တာကြောင့် ခိုင်က တော့ "အညာစတိုင်ထမင်းကြော်" လို့နာမည်ပေးလိုက်မယ်နော်။
အခုမနက်တော့ အညာစတိုင်ထမင်းကြော်ကိုအမေပေးလိုက်တဲ့ငါးရံ့ခြောက်မီးကင်ကိုဆီဆမ်း၊ လ္ဘက်ကိုတစ်ပုံစီပုံ ပြီးတော့စားဖြစ်တယ်။
ခိုင်အခုကြော်တဲ့ပုံစံမျိုးစားဘူးကြရင်ဘယ်ဇာတိကလဲဆိုတာပြောခဲ့နော်။
#burmesefood #food #delicious #foodie #myanmar #friedrice
Негізгі бет အညာစတိုင်ထမင်းကြော်| Typical Burmese Style Fried Rice (Burmese Breakfast)
Пікірлер: 2