ဆက်သွယ်ရေးလိုင်းတွေ ရေနစ်မြုပ်ပြီး တချိုဒေသတွေ အဆက်အသွယ်ပြတ်တောက်နေ
သက်တန့် / MFP ၊ ဇူလိုင် - ၁၁
အညာဒေသ ချင်းတွင်းနဲ့ဧရာဝတီမြစ်ရေကြီးရေလျှံမှုမြိုနယ် ၂၁ ခုအထိရှိလာပြီး ဒေသခံတွေဘေးလွတ်ရာပြောင်း ရွှေ့နေကြရသလို စိုက်ပျိုးသီးနှံ ဆုံးရှုးမှုတွေလည်း ဆက်တိုက်ကြုံတွေ့လာရတယ်လို ဒေသခံတွေကပြောပါတယ်။
စစ်ကိုင်းတိုင်း အောက်ပိုင်းဒေသတွေမှာ မိုးခေါင်နေပြီး ပုံမှန်အားဖြင့် မိုးဖွဲဖွဲသာ ရွာလေ့ရှိပေမယ့် ချင်းတွင်းနဲ့ ဧရာ ဝတီမြစ်ဖျားပိုင်တွေမှာ မိုးသည်းထန်စွာရွာသွန်းနေတာကြောင့် အခုလိုအောက်ပိုင်း ဒေသတွေထိရေကြီးရေလျှံ တာတွေ ဆက်တိုက် ဖြစ်နေတာလို ဒေသခံတွေက ပြောပါတယ်။
“ရေက အခုနှစ်ရက်၊ သုံးရက်အတွင်းကို အတော်လေးတိုးတယ်ဗျ။ တချိုကတော့ ပြောင်းရွှေ့နေကြတာ။ ရွှေလှေ ဘက်တွေရော၊ မြစ်ကမ်းနားရွာမှန်သမျှ အကုန်ဝင်တာပဲ။ ဆားလင်းကြီးဘက်ခြမ်းကတော့ ကမ်းနားရှိတဲ့ ရွာတိုင်း လိုလို အကုန်ဝင်တယ်။ နောက်ပြီး မုံရွာလည်း စိုးရိမ်ရေမှတ်ကို ရောက်နေပြီ။ ညောင်ပင်ကြီးကနေ စက်လှေ ဘာ ညာကူးတဲ့ဟာ ဟိုဘက်(မုံရွာ)က အကပ်မခံတော့ဘူး။ စက်လှေတွေအကုန်ပိတ်ထားတာ။ ရေတိုးလို၊ စိုးရိမ်ရေ အ မှတ်ရောက်တော့ စက်လှေတွေဘာတွေ ပန်ကာတွေ ခုတ်မောင်းဖိုကျ လှိင်းပုတ်ပြီးတော့ သူတိုတာရိုးတွေပြဲထွက်၊ ပေါက်ထွက်သွားမှာစိုးလို။ ညောင်ပင်ကြီး၊ ရွာရှည်ကတော့ ပေလမ်းတွေပါ အကုန်ကျော်ကုန်ပြီ”လို ဆားလင်းကြီး မြိုနယ် ဒေသခံတစ်ဦးက ပြောပါတယ်။
အဆိုပါ မြစ် ရေကြီးရေလျှံမှုကို စစ်ကိုင်း၊ မကွေးနဲ့ မန္တလေးတိုင်း ဒေသတွေက ကသာ၊ ထီးချိုင့်၊ သပိတ်ကျင်း၊ မန္တလေး၊ ငါန်းဇွန်၊ စစ်ကိုင်း၊ မြင်းမူ၊ ပခုက္ကူ၊ ညောင်ဦး၊ ခန္တီး၊ ဟုမ္မလင်း၊ ဖောင်းပြင်၊ မော်လိုက်၊ ကလေးဝ၊ မင်းကင်း၊ ကနီ၊ မုံရွာ၊ ဆားလင်းကြီး၊ ယင်းမာပင်၊ မြောင်နဲ့ ရေစကြိုမြိုနယ်တွေကြုံတွေ့ရင်ဆိုင်နေရတာဖြစ်တယ်လို ဒေသခံ တွေကိုဆိုပါတယ်။
စစ်အုပ်စုရဲ့ မီးရှိဖျက်ဆီးခံမှုကြောင့် နေရပ်စွန့်ခွာ စစ်ဘေးရှောင်ရင်း မြစ်ကမ်းဘေး သဲသောင်ပြင်မှာ တဲထိုးနေ ထိုင်နေရတဲ့ ဒေသခံပြည်သူတွေလည်း လက်ရှိရေဘေးကြောင့် လမ်းမတွေပေါ်မှာ တဲထိုးပြီး ပြောင်းရွှေ့နေထိုင်နေ ကြရတယ်လို ဆိုပါတယ်။
“မီးလောင်ပြင် အိမ်တွေဘာညာကတော့ တဲလေးတင်ထိုးထားတာဆိုတော့ ရွှေ့ပြောင်းရတာပ။ အခုက မြေနေရာ ကလည်း မရှိတော့ကျ ရေနဲ့လွတ်တဲ့နေရာ လမ်းဘေးတွေ ဘာတွေ၊ အဲဒါမျိုး နေရတာပ။ မိုးကာတဲလေးတွေထိုးပြီး တော့”လို ဆားလင်းကြီး မြိုခံတစ်ဦးကဆိုပါတယ်။
ချင်းတွင်းမြစ်ဖျားပိုင်းဖြစ်တဲ့ ခန္တီးမြိုမြိုနယ်မှာဆိုရင် မြိုပေါ်နဲ့ မြစ်ကမ်းဘေးရွာတွေ အိမ်ခေါင်မိုးတွေအထိ ရေနစ် မြုပ်နေပြီး ရေဘေးကြောင့် မနေ့ ဇူလိုင်လ ၁၀ ရက်က ခန္တီးမြိုပေါ် ဒေသခံ သုံးဦးသေဆုံးခဲ့ရသလို ဆက်သွယ်ရေး လိုင်းတွေပါ ရေနစ်မြုပ်ပြီး အဆက်အသွယ်ပြတ်တောက်နေတာဖြစ်ပါတယ်။
ဧရာတီမြစ်ဘေးက ထီးချိုင့်မြိုနယ်ဆိုရင်လည်း မြစ်ရေကြီး ရေလျှံနစ်မြုပ်နေပြီး စစ်အုပ်စုက ဆက်သွယ်ရေးလိုင်း တွေကို ဖြတ်တောက်ထားတာကြောင့် ရေဘေးဒုက္ခကြုံတွေ့နေရတဲ့ အခြေအနေကို မသိရဘူးလို အဝေးရောက် ထီးချိုင့်ဒေသခံတစ်ဦးက ပြောပါတယ်။
#Mandalay_Free_Press_MFP
Негізгі бет အညာမှာ ရေကြီးရေလျှံမှု မြိုနယ် ၂၁ ခုအထိ ရှိလာ၊
No video
Пікірлер: 21