အရက်သောက်တာဟာ အသည်းကိုရော ဦးနှောက်၊ အာရုံကြော၊ နှလုံးနဲ့ အစာအိမ်ကိုပါ ထိခိုက်ပျက်စီးစေနိုင်တဲ့ အဓိကအကြောင်းရင်း ဖြစ်တာမို့ အရက်မသောက်ကြဖို့ ဆေးပညာရှင်တွေက ဆော်သြထားပါတယ်။
အထူးသဖြင့် ဘယ်လိုလူတွေက အရက်ကို ပိုရှောင်ကြဉ်သင့်သလဲ၊ အရက်သောက်တာချင်းအတူတူ အမျိုးသမီးတွေက အမျိုးသားတွေထက် ပိုထိခိုက်တာ ဘာ့ကြောင့်လဲ၊ အရက်ကို နည်းနည်းပဲ ဖြစ်ဖြစ် နေ့တိုင်း သောက်ရင် ဘယ်လို ဆိုးကျိုးဖြစ်လာနိုင်သလဲ၊ အရက်မဖြတ်နိုင်ဘူးဆိုတဲ့ အရက်စွဲနေသူတွေ အသည်းထိခိုက်ပျက်စီးမှု နည်းအောင် ဘယ်လိုနည်းနဲ့ ကာကွယ်မလဲ။
ယူကေနိုင်ငံက အသည်း၊ အစာအိမ်၊ အူလမ်းကြောင်းနဲ့ အထွေထွေရောဂါ အထူးကု သမားတော်ကြီး ဒေါက်တာစုစုမြတ်က ဘီဘီစီရဲ့ ကျန်းမာရေးရာ Health Matters အစီအစဉ်မှာ ရှင်းပြထားပါတယ်။
ဘီဘီစီမြန်မာပိုင်း
Негізгі бет အရက်နဲ့အသည်း ဘာရွေးမလဲ - BBC News မြန်မာ
Пікірлер: 38