အာခါ လူမျိုးတွေရဲ့ ရိုးရာ ဒန်းစီးပွဲတော်
အာခါလူမျိုးတွေဟာ တရုတ် ၊ မြန်မာ ၊ ထိုင်း ၊ လာအို နဲ့ ဗီယက်နမ် တွေမှာ သူ့နေရာနဲ့သူ နေထိုင်ကြတာပေါ့နော် ။
လူဦးရေက
တရုတ်ပြည် 🇨🇳 မှာ ၂ သန်းခွဲ ၊
မြန်မာ 🇲🇲 မှာ ၂ သိန်း ၊
ထိုင်း 🇹🇭 မှာ ၁သိန်း၇သောင်းဝန်းကျင် ၊
လာအို 🇱🇦 မှာ ၁သိန်း ဝန်းကျင်နဲ့
ဗီယက်နမ် 🇻🇳 မှာက ၅သောင်း/၆သောင်း ဝန်းကျင် ရှိကြတယ်လို့သိရတယ်…
ဒန်းစီးပွဲတော်ကို ဩဂုတ်လ ကနေ စက်တင်ဘာလထိ နိုင်ငံ ၅ နိုင်ငံလုံးမှာ တပြေးညီကျင်းပလေ့ရှိတယ်…
ခုထက်အိသွားခဲ့တာကတော့ ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းဆတ်ခရိုင် ၊ မိုင်းဆတ်မြို့နယ် က အူးဖူဒေ့ (ခ) ဦးအားဆော်ကျေးရွာ မှာ ဩဂုတ် ၁၃ ရက်မှာ ပွဲတော်ကျင်းပခဲ့တာပေါ့နော် …
ခုကတော့ ၁၃ ကြိမ်မြောက်ကျင်းပတာပါတဲ့..
အာခါတိုင်းရင်းသားတွေရဲ့ ရိုးရာမိရိုးဖလာ စုပေါင်းဒန်းစီးပွဲတော် က သူတို့ရဲ့ အထွတ်အမြတ်ထားရာ အလေးထားရာပွဲတော်တစ်ခုဖြစ်ပါတယ်…
#travelblogger #akha #myanmar #shanstate #eastenshanstate #traditionalfestival
Негізгі бет အာခါ လူမျိုးတွေရဲ့ ရိုးရာ ဒန်းစီးပွဲတော် | Akha Traditional Festival in Myanmar
Пікірлер: 74