ကမ္ဘာပေါ်မှာ ဒုတိယဧရိယာ အကြီးဆုံးတိုက်ဖြစ်တဲ့ အာဖရိကတိုက်ကို နိုင်ငံပေါင်း ၅၄ ခုနဲ့ ဖွဲ့စည်းထားပါတယ်။
ကမ္ဘာ့ဒုတိယလူဦးရေအများဆုံးတိုက် လည်းဖြစ်ပြီး အဆင်းရဲဆုံးနိုင်ငံအများစု ရှိရာ တိုက်လို့လည်း လူသိများပါတယ်။
နိုင်ငံအနည်းငယ်ကသာ စီးပွားရေး အဆင်ပြေကြပြီး နိုင်ငံအလိုက်ဆိုရင်တော့ နိုင်ဂျီးရီးယား ၊ အီဂျစ် နဲ့ တောင်အာဖရိက နိုင်ငံတွေက အာဖရိကတိုက်ရဲ့ အချမ်းသာဆုံး နိုင်ငံတွေဖြစ်ပါတယ်။
ဒါပေမယ့် နိုင်ငံသားတဦးချင်းစီရဲ့ ပျမ်းမျှဂျီဒီပီ နဲ့တွက်မယ်ဆိုရင်တော့ Seychelles ဆိုတဲ့ နိုင်ငံက အချမ်းသာဆုံးဖြစ်ပါတယ်။
ဒီတခါတော့ အာဖရိကရဲ့ အချမ်းသာဆုံး နိုင်ငံအဖြစ် သတ်မှတ်ခံထားရတဲ့ ဒီနိုင်ငံငယ်လေးရဲ့ အကြောင်းကို ဝေမျှလိုက်ပါတယ်။
Негізгі бет အာဖရိကရဲ့ အချမ်းသာဆုံးနိုင်ငံ | Richest country in Africa
Пікірлер: 15