မဟာစည်ဆရာတော်ဘုရားကြီး၏ တရားတော်များကို ၂၄-နာရီပတ်လုံး လွှင့်တင်ပေးနေသည့် Channel ဖြစ်ပါသည်။ ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ် က ၂၀၂၃-ခုနှစ် အောက်တိုဘာလ ၂၂-ရက် မှစတင်၍ ထုတ်လွှင့်ပါသည်။
မဟာစည်ဆရာတော်ဘုရားကြီးသည် ၁၃၂၆ ခုနှစ်၏ နေ့တစ်နေ့တွင် ဖလ်ယဥ်ဓမ္မာရုံကြီးတွင် ယခင် အရိယာဝါသ တရားတော် ဟောစဥ်က အချိန်ကိုငဲ့၍ အကျဥ်းချုပ်သာ ဟောခဲ့သော အရိယာဝါသ တရားတော်တွင် ပါသော “သမဝယသဌေသနော” ပုဒ်ကို အကျယ်ဟောတော်မူခဲ့ပါသည်။
“ရှာမှီးရတယ်-ဆိုတာဟာ လောကမှာ မပြည့်စုံလို့၊ လိုနေလို့ ရှာရတာပါပဲ”
“ရှာမှီးရတယ်-ဆိုတာဟာ မရှိလို့၊ လိုနေသေးလို့၊ လိုချင်နေသေးလို့ ရှာရတာ။ မလိုချင်တော့ဘူး-ဆိုရင် ရှာစရာ မလိုဘူး”
“လောကမှာ ဘာမဆို လိုလေသေးမရှိဘူး။ အကုန်လုံး ပြည့်စုံနေပြီ။ ရှာမှီးစရာ မလိုတော့ဘူး-ဆိုတဲ့ အိမ်ဆိုတာ မရှိဘူး”
“လောကဘက်က အပြည့်အစုံ ဘာမဆို ဘာမှမလိုတော့ဘူး။ အကုန်လုံး ပြည့်စုံနေတယ်။ အကုန်လုံး ပြည့်စုံနေအောင် ထားနိုင်တယ်-ဆိုဦးတော့ တရားဘက်ကတော့ လိုနေမှာပဲ”
“သေသေချာချာ လိုနေတာကတော့ အိုခြင်းကင်းတာ၊ နာခြင်းကင်းတာ၊ သေခြင်းကင်းတာ။ ဒါတွေက ဘယ်နေရာမှာမှ မရှိပါဘူး။ ဒီဥစ္စာကတော့ မြတ်စွာဘုရား၏ အရိယာနေအိမ်မှာပဲ ဒါတွေ အကုန်လုံး ပြည့်စုံတာ”
ကမ္ဘာအရပ်ရပ်ရှိ တရားလိုလားသူများ လွယ်ကူစွာနာယူနိုင်ရန် မဟာစည်တရားတော်များ ၂၄/၇ ပြန့်ပွားရေးအတွက် ကုသိုလ်ပါဝင်လိုပါက မဟာစည်ကျမ်းစာအုပ်အရောင်းဆိုင် ဖုန်း- ၀၁-၅၄၅၄၆၉, ၀၁-၅၄၁၉၇၁, ၀၉၅၂၁၉၈၈၀၂ နှင့် mahasi.meditationcenter@gmail.com များထံ ဆက်သွယ်နိုင်စုံစမ်းနိုင်ပါကြောင်း အသိပေးအပ်ပါသည်။
-------------------
မဟာစည် တရားတော်များကို နာယူသည့်အခါ တရားတော်အချို့တွင် အနည်းငယ် အသံ မကြည်လင်ခြင်း၊ အသံ နှေးခြင်း၊ အသံ မြန်ခြင်းတို့ ပါရှိသည်ကို သတိပြုမိကြပါလိမ့်မည်။ အကြောင်းမှာ အသံဖမ်းယူစဉ်က အသုံးပြုခဲ့သည့် ၇” တိပ်ရီကော်ဒါစက်များ၏ နည်းပညာနှင့် တိပ်ခွေများကို ကော်ပီပွားရယူသည့်အခါ တိပ်ရီကော်ဒါစက် မော်တာမြန်နှုူန်းများ အနည်းငယ် ကွာခြားခြင်းကြောင့် ဖြစ်ပါသည်။
မဟာစည် မီဒီယာအဖွဲ့အနေဖြင့် ၁၃၈၅-ခုနှစ် သီတင်းကျွတ်လမှစ၍ တရားတော်များကို လွှင့်ထုတ်ရာတွင် (၁) တရားတော် အသံများကို မူရင်းအတိုင်း ထားရှိလိုခြင်း၊ (၂) ရှေးက ဖမ်းယူခဲ့သည့် အသံအတိုင်း တရားနာပရိသတ်တို့အား နာယူစေလိုခြင်းတို့ကြောင့် တရားတော် အသံများကို တည်းဖြတ်ခြင်း၊ ပေါင်းစပ်ခြင်း၊ ထုတ်ပယ်ခြင်း၊ အသံ အရည်အသွေး ပြုပြင်ခြင်းတို့ ပြုလုပ်မထားပါ။ သို့သော် နာယူရန် ခက်ခဲနေသည့် တရားတော်အနည်းငယ်ကိုမူ နာယူရန်အဆင့် အသံအရည်အသွေးရရှိရန် Digital Audio Editing Software အသုံးပြု၍ တည်းဖြတ်ပြင်ဆင်ထားကြောင်း အသိပေးအပ်ပါသည်။
Негізгі бет အရိယာဝါသ တရားတော် (သမဝယသဌေသနော ပုဒ် အကျယ်)
Пікірлер: 1