မဟာစည်ဆရာတော်ဘုရားကြီး၏ တရားတော်များကို ၂၄-နာရီပတ်လုံး လွှင့်ပေးနေသည့် Channel ဖြစ်ပါသည်။ ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ် က ၂၀၂၃-ခုနှစ် အောက်တိုဘာလ ၂၂-ရက် မှစတင်၍ လွှင့်တင်ထားရှိပါသည်။
ဤ “အရိယာဝါသ တရားတော်” ကို အင်္ဂုတ္တရနိကာယ၊ ဒသကနိပါတ၊ စာမျက်နှာ ၂၈၀ (အံ၊ ၃၊ ၂၈၀) “ဒုတိယအရိယဝါသသုတ္တ” ကိုအခြေခံ၍ ကျေးဇူးရှင် မဟာစည်ဆရာတော်ဘုရားကြီးသည် ၁၃၂၄-ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၉-ရက်နှင့် ၁၀-ရက်နေ့များတွင် သံလျင်မြို့၊ မင်းကျောင်း ပထမပြန် စာသင်တိုက်၌ ဟောကြားတော်မူခဲ့ပါသည်။ ထိုတရားတော်ကို တရားသူကြီး ဦးသိန်းဟန်က အသံဖမ်းခဲ့ပါသည်။
နာယူ မှတ်သား လိုက်နာ ကျင့်ပွားနိုင်ရန် "အရိယာဝါသ တရားတော် ဆောင်ပုဒ်များ" ကို ဖော်ပြပါသည်။
၁။ ငါးအင် ပယ်လေ၊ ဂုဏ် ခြောက်ထွေ၊ စုံစေ စောင့်တစ်ပါး။
၂။ လေးရပ် မှီကာ၊ ပယ်ရှင်းရာ၊ သစ္စာ သီးသန့်များ။
၃။ ရှာမှီး ကင်းစင်၊ ကြံ ကြည်လင်၊ ထွက်ဝင် ငြိမ်းစေသား။
၄။ စိတ် ကောင်းစွာလွတ်၊ ပညာ လွတ်၊ မချွ ဂုဏ်ဆယ်ပါး။
၅။ အရိယာဝါသ၊ ဟောဖော်ပြ၊ ဗုဒ္ဓ မြတ်ဘုရား။
၆။ ဖြစ်တိုင်း မှတ်ရှု၊ သတိပြု၊ စောင့်မှု အစဉ်ထား။
၇။ မှီဝဲ သည်းခံ၊ ရှောင်ပယ်လှန်၊ လေးတန် မှီရာများ။
၈။ နှစ်သက်လိုချင်၊ ကြွေမြီတင်၊ အလျင် ပယ်ဖျောက်လေ။
၉။ စိတ်ပျက်စိတ်ဆိုး၊ ရောဂါမျိုး၊ နှိမ်ချိုး ပယ်ဖျောက်လေ။
၁၀။ ထိုင်းမှိုင်း ပျင်းရိ၊ ချုပ်နှောင်မိ၊ မှတ်သိ ပယ်ဖျောက်လေ။
၁၁။ လွင့် ပူပန်၊ သူ့ကျွန်ခံ၊ အမြန် ပယ်ဖျောက်လေ။
၁၂။ ယုံမှား ဒွိဟ၊ လမ်း နှစ်ခွ၊ တွေ့က ပယ်ဖျောက်လေ။
၁၃။ အသံ ကြားရာ၊ ရှုမှတ်ခါ၊ မှန်စွာ သိပါစေ။
၁၄။ အနံ့ နံရာ၊ ရှုမှတ်ခါ၊ မှန်စွာ သိပါစေ။
၁၅။ အရသာ သိရာ၊ ရှုမှတ်ခါ၊ မှန်စွာ သိပါစေ။
၁၆။ အ့ ထိရာ၊ ရှုမှတ်ခါ၊ မှန်စွာ သိပါစေ။
၁၇။ သဘော သိရာ၊ ရှုမှတ်ခါ၊ မှန်စွာ သိပါစေ။
၁၈။ ဝမ်းသာ မဖက်၊ စိတ် မပျက်၊ ရှုလျက် လျစ်လျူနေ။
၁၉။ ရဟန္တာ အသွင်၊ ယောဂီရှင်၊ ရှုလျှင် ဖြစ်နိုင်ပေ။
ဤ “အရိယာဝါသ တရားတော်” မှ ဆောင်ပုဒ်များကို ဖတ်ရှု၊ လေ့လာ၊ ဆင်ခြင်၊ ရှုမှတ်ကာ ဒုက္ခအပေါင်းမှ ကင်းလွတ်နိုင်ကြပါစေ။
ကမ္ဘာအရပ်ရပ်ရှိ တရားလိုလားသူများ လွယ်ကူစွာနာယူနိုင်ရန် မဟာစည်တရားတော်များ ၂၄/၇ ပြန့်ပွားရေးအတွက် ကုသိုလ်ပါဝင်လိုပါက မဟာစည်ကျမ်းစာအုပ်အရောင်းဆိုင် ဖုန်း- ၀၁-၅၄၅၄၆၉, ၀၁-၅၄၁၉၇၁, ၀၉၅၂၁၉၈၈၀၂ နှင့် mahasi.meditationcenter@gmail.com များထံ ဆက်သွယ်နိုင်စုံစမ်းနိုင်ပါကြောင်း အသိပေးအပ်ပါသည်။
-------------------
မဟာစည် တရားတော်များကို နာယူသည့်အခါ တရားတော်အချို့တွင် အနည်းငယ် အသံ မကြည်လင်ခြင်း၊ အသံ နှေးခြင်း၊ အသံ မြန်ခြင်းတို့ ပါရှိသည်ကို သတိပြုမိကြပါလိမ့်မည်။ အကြောင်းမှာ အသံဖမ်းယူစဉ်က အသုံးပြုခဲ့သည့် ၇” တိပ်ရီကော်ဒါစက်များ၏ နည်းပညာနှင့် တိပ်ခွေများကို ကော်ပီပွားရယူသည့်အခါ တိပ်ရီကော်ဒါစက် မော်တာမြန်နှုူန်းများ အနည်းငယ် ကွာခြားခြင်းကြောင့် ဖြစ်ပါသည်။
မဟာစည် မီဒီယာအဖွဲ့အနေဖြင့် ၁၃၈၅-ခုနှစ် သီတင်းကျွတ်လမှစ၍ တရားတော်များကို လွှင့်ထုတ်ရာတွင် (၁) တရားတော် အသံများကို မူရင်းအတိုင်း ထားရှိလိုခြင်း၊ (၂) ရှေးက ဖမ်းယူခဲ့သည့် အသံအတိုင်း တရားနာပရိသတ်တို့အား နာယူစေလိုခြင်းတို့ကြောင့် တရားတော် အသံများကို တည်းဖြတ်ခြင်း၊ ပေါင်းစပ်ခြင်း၊ ထုတ်ပယ်ခြင်း၊ အသံ အရည်အသွေး ပြုပြင်ခြင်းတို့ ပြုလုပ်မထားပါ။ သို့သော် နာယူရန် ခက်ခဲနေသည့် တရားတော်အနည်းငယ်ကိုမူ နာယူရန်အဆင့် အသံအရည်အသွေးရရှိရန် Digital Audio Editing Software အသုံးပြု၍ တည်းဖြတ်ပြင်ဆင်ထားကြောင်း အသိပေးအပ်ပါသည်။
Негізгі бет အရိယာဝါသ တရားတော်
Пікірлер