တရားတော်ကြီးကို ၂၀၂၄ခုနှစ်၊ ဖေဖေါ်ဝါရီလ (၂၄) ရက်နေ့တွင် ဆရာတော်အရှင်အရိယဓမ္မ သည် ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်၊ ၈၂ရပ်ကွက် သစ္စာလေးတန် မဟာသတိပဌာန် ကမ္မဌာန်းကျောင်းတိုက်ကြီးတွင် လစဥ်ကျင်းပသော (၇)ရက် ဝိပဿနာတရားစခန်းပွဲ၏ ပထမနေ့တွင် ဟောကြားခဲ့ပါသည် …
🙏မြတ်စွာဘုရားရှင်ကိုယ်တော်တိုင် အသေးစိတ်ရှုမှတ်ပုံကို ပြည့်ပြည့်စုံစုံဟောကြားထားခဲ့သည့် သုတ္တံဖြစ်၍ နာယူမှတ်သား ကျင့်ကြံလိုက်ကြပါကုန်စို့...။
⚜️ မဂ္ဂင်၈ပါးပြည့်စုံစေရန်နှင့် နိဗ္ဗာန်ကိုမျက်မှောက်ပြုရန် တစ်ကြောင်းတည်းသော ကျင့်စဉ်လမ်းဖြစ်သော မဟာသတိပဌာနသုတ်တွင် ကာယနုပဿနာ၊ ဝေဒနာနုပဿနာ၊ စိတ္တာနုပဿနာ၊ ဓမ္မာနုပဿနာ ဟူ၍ နုပဿနာ၄မျိုး ရှိသည့်အနက် အာနာပါနသည် ကာယာနုပဿနာ ရူနည်း ၆မျိုးတွင်တစ်ခုအပါအဝင်ဖြစ်၏... မြတ်စွာဘုရားရှင်သည် သာသနာအစပိုင်းတွင် သတိပဌာန်အကျင့်တို့ကိုအကျဉ်းမျှသာ ဟောကြားခဲ့၏။ သာသနာအစပိုင်း သာဝကများသည် ကျင့်ကြံမှုနှင့် ပတ်သက်၍ အကြားအမြင်များသူ၊ အလေ့အကျင့်များသူ ဖြစ်သည့်အတွက် အကျဉ်းမျှဟောကြားရုံဖြင့် ရဟန္တာဖြစ်နိုင်ခဲ့ကြ၏။
သာသနာနှောင်းပိုင်းတွင်မူ အကျင့်မြတ်နှင့် ပတ်သက်၍...
အကြားအမြင်နည်းသော သာမာန်အရပ်သူ အရပ်သား များ ရဟန်း ပြုမှုများပြားလာခြင်း ကြောင့်၎င်း၊
အရိယာဉာဏ်ရရှိပြီးသော ရဟန်းတို့ အထက်မဂ်သို့တက်၍ အာသဝါကုန်ခမ်းရဟန္တာ ဖြစ်နိုင်ရန်အကျိုးအတွက်၎င်း၊
နောင်လာနောင်သားတို့ကျင့်ကြံနိုင်ကြစေရန်အတွက်၎င်း၊ စသဖြင့် ရည်ရွယ်ချက်တွေနဲ့ လိုအပ်ချက်တို့ရှိလာချိန်တွင် အာနာပါနကမ္မဌာန်းရှုမှတ်ပုံ အသေးစိတ်ကို ဘုရားရှင်ကိုယ်တော်တိုင် သာဝတ္ထိပြည် ပုဗ္ဗာရုံကျောင်းတွင် ထပ်မံဟောကြား ပေးခဲ့ခြင်းဖြစ်၏...။
⚜️ မြတ်စွာဘုရားရှင်သည် သီတင်းကျွတ် လပြည့်နေ့မှ တန်ဆောင်မုန်းလပြည့်နေ့အထိ ပုဗ္ဗာရုံကျောင်းတွင် သီတင်းသုံးမည်ဟု မိန့်တော်မူသည့်အတွက် အနီးနားမြို့ရွာများမှ ရဟန်းပရိတ်သတ်တို့သည် ပုဗ္ဗာရုံကျောင်းသို့စုရုံးရောက်ရှိလာကြပြီး အဆုံးအမ တို့ကိုခံယူ၍ ကောင်းစွာကျင့်ကြံအား ထုတ်ခဲ့ကြသဖြင့် အရိယာဉာဏ်ကိုရရှိခဲ့ကြ၏။ တန်ဆောင်မုန်းလပြည့်နေ့ ညနေခင်းတွင် ကျောင်းဝင်းအတွင်း စုရုံး၍ မြတ်စွာဘုရားရှင်ထံမှ တရားတော် နာယူရန်စောင့်ဆိုင်းလျှက်ရှိကြပြီး ထိုရဟန်းပရိတ်သတ်တို့အားမြတ်စွာဘုရားရှင်သည်စောင်းငဲ့ကြည့်ရှုတော်မူပြီးချီးမွမ်းစကားကိုဆိုလေ၏။
ရဟန်းတို့... ဤပရိသတ်သည် အကာအဖျဉ်းကင်း၏...စင်ကြယ်ပြီး အနှစ်သာရမှာတည်၏... ပူဇော်အထူးကိုလည်း ခံယူထိုက်၏...လှူဒါန်းသူတို့အတွက်လည်း အကျိုးများစေ၏...
ဤရဟန်းတို့တွင်...
သတိပဌာန်၄ပါးကိုပွါးများနေကြသူများလည်းရှိ၏၊
သမ္မပ္ပဓာန်လးပါးကိုပွါးများနေသူ၊ ဣဒ္ဓိပါဒ်လေးပါး
ဣဒွငေါးပါး၊ ဗိုလ်ငါးပါး၊ ဗောဇ္ဈင် ခုနစ်ပါး၊
မြတ်သောအင်္ဂါရှစ်ပါးရှိသော မဂ္ဂင်ကိုပွါးများ အားထုတ်နေသော ရဟန်းတို့သည် ရှိကုန်၏...။
ရဟန်းတို့ ဤရဟန်းအပေါင်း၌...
မေတ္တာဗြဟ္မဝိဟာရပွါးများ အားထုတ်မှုကိုလုံ့လပြုနေသော ရဟန်း၊
ဂရုဏာဗြဟ္မဝိဟာရပွါးများ အားထုတ်လုံ့လပြုနေသော၊
မုဒိတာဗြဟ္မဝိဟာရပွါးများ အားထုတ်လုံ့လပြုနေသော၊
ဥပေက္ခာဗြဟ္မဝိဟာရပွါးများ အားထုတ်မှုကို လုံ့လပြုနေသော၊
အသုဘပွါးများမှုအားထုတ်မှုကို လုံ့လပြုနေသော၊
အနိစ္စသညာပွါးများ အားထုတ်မှုကို လုံ့လပြုနေသောရဟန်းတို့သည် ရှိကြကုန်၏...ဟု ချီးမွမ်းစကားကိုဆိုတော်မူလေ၏...။
(အရိယာတို့၏ရှုမှတ်ပုံနှင့်ပုထုဇဉ်တို့၏ရှုမှတ်ပုံကွာခြားချက်တို့ကိုလည်းထည့်သွင်းဟောကြားထား၏...။)
⚜️ ရဟန်းတို့ဤရဟန်းအပေါင်း၌...
ထွက်သက် ဝင်သက်ကို အောက်မေ့မှု '' အာနာပါနဿတိ '' ကိုလုံ့လပြု၍ ပွါးများ လေ့လာသည်ရှိသော် များစွာသော အကျိုးဆက်ရှိ၏။
ရဟန်းတို့ အာနာပါနဿတိကို ပွါးများလေ့လာသည်ရှိသော် သတိပဋ္ဌာန်လေးပါး တို့ကို ပြည့်စေကုန်၏။ သတိပဌာန်လေးပါးတို့ကို ပွါးများလေ့လာသည်ရှိသော် ဗောဇ္ဈင်ခုနစ်ပါးတို့ကို ပြည့်စေကုန်၏။ ဗောဇ္ဈင်ခုနစ်ပါးတို့ကို ပွါးများသည်ရှိသော် အရဟတ္တမဂ်၊ အရဟတ္တဖိုလ်ကို ပြည့်စေ၏ဟု ဦးစွာဟောကြားတော်မူလေ၏...။
⚜️ အာနာပါနကို အကျိုးများအောင်ရှုမှတ်ပုံ.....
သာသနာတော်၌ရဟန်းသည် တောတောင် သစ်ပင်ရင်း၊ ဆိတ်ငြိမ်ရာအရပ်သို့ ချဉ်းကပ်ပြီး ထက်ဝယ်ဖွဲ့ခွေ ထိုင်၍ ကိုယ်ကိုမတ်မတ်ထားပြီးကမ္မဌာန်းအာရုံကို ရှေးရှုလျက် သတိကိုဖြစ်စေလျက်နေရမည်။
(၁) ရဟန်းသည် သတိကို စွဲမြဲစွာရှိလျက် လေရှူသွင်းခြင်း ရှူထုတ်ခြင်းကိုပြု၏။ ဝင်လေထွက်လေကိုထင်ရှားသိစေလျက် ရှူသွင်းရှူထုတ်ခြင်းကိုပြု၏။
(၂) လေကို ရှည်ရှည်ရှူသွင်းလျှင်... ရှည်ရှည်ရှူသွင်းသည်ဟုသိ၏။ ရှည်ရှည်ရှူထုတ်လျှင်လည်း...ရှည်ရှည်ရှူထုတ်သည်ဟုသိ၏။
(၃) တိုတိုရှူသွင်းလျှင်လည်း...တိုတိုရှူသွင်းသည်ဟုသိ၍၊တိုတိုရှူထုတ်လျှင်လည်း...တိုတိုရှူထုတ်သည်ဟုသိ၏။
(၄) အစ၊ အလည်၊ အဆုံးကို ထင်ရှားသိလျက်အားထုတ်၏... (စရှူ၊ ရှူနေဆဲ၊ ရှူပြီး)ကိုသိခြင်း။
(၅) ရုန့်ရင်းသော ဝင်လေထွက်လေကို ငြိမ်းအေးစေလျက်အားထုတ်ရမည်။ ခံစားမှုနှင့် စိတ်သက်ဝင်၍ အားထုတ်ခြင်းကိုဆိုလို၏။
(အတွေး၊ အငိုက် စသည့် နိဝရဏ (၅}ပါးကင်းစင်မှသာလျှင်ငြိမ်းအေးခြင်းကို ရနိုင်ပေမည်။)
အတွေး၊ အငိုက် ကင်းအောင်ရှုမှတ်ပုံများ၊ အငိုက်အတွေးအာရုံပေါ်တွင် စွဲလန်းနေသော အစွဲကိုဖြတ်၍ အား ထုတ်ပုံ အသေးစိတ်ဟောကြားပေးထားသည့် ဤအပိုင်း(၁)တွင် ကာယာနုပဿနာကို သမ္မာသမာဓိရအောင်အားထုတ်နည်း တရားတော်ကို အွန်လိုင်း ဗုဒ္ဓဘာသာဝင်အပေါင်းနာနိုင်ရန် တင်ပေးလိုက်ပါသည်...။
ဆရာတော်၏ KZitem Channel ကို Subscribe နှင့် Share လုပ်ပေးခြင်း ဖြင့် ဓမ္မ အလှူကုသိုလ်ကို ရယူလိုက်ကြပါ...။
All Link 📡
🙏တရားတော် Live Videoများ နှင့် Postများ Link
👉 Name - သစ္စာလေးတန် မဟာသတိပဌာန် ဝိပဿနာ တရားတော်များ
👉 Link - facebook.com/DhammaofSFNT...
🙏တရားတော် English Postများ Link
👉Name - Sermons of Four Nobel Truth
👉Link - facebook.com/FourNobelTru...
🙏တရားတော် Video သီးသန့် Link
👉Name - သစ္စာလေးတန် မဟာသတိပဌာန် ဝိပဿနာတရားတော် ဗွီဒီယိုများ
👉Link - facebook.com/SFNTofDhamma...
🙏တရားတော် Mp3 Telegram Channel
👉Name - သစ္စာလေးတန် မဟာသတိပဌာန် ဝိပဿနာ တရားစခန်း
👉Link - t.me/fourtruthofnobel
Негізгі бет " အာနာပါနုဿတိ " တရားတော် {၁}
Пікірлер