အာဏာသိမ်းစစ်ကောင်စီ တပ်ဟာ စစ်ရှုံးနေပြီလို့ ကမ္ဘာမီဒီယာကြီးတွေက ဒီရက်ပိုင်းအတွင်းမှာ စိတ်ဝင်တစားဖော်ပြလာကြတဲ့အကြောင်း ဒီတစ်ပါတ်ပြောပြချင်ပါတယ် ။
အစ္စရေး-ပါလက်စတိုင်းစစ်ပွဲ ၊ ယူကရိန်းအပေါ် ရုရှားကျူးကျော်စစ်ပွဲ သတင်းတွေရဲ့ အောက်မှာ နိုင်ငံတကာ မီဒီယာတွေကနွေဦးတော်လှန်ရေးသတင်းတွေကို စိတ်ဝင်စားမှူနည်းခဲ့ပါတယ်။ဒါပေမယ့် ၁၀၂၇ စစ်ဆင်ရေး ပေါ်ပေါက်လာပြီး အာဏာသိမ်းစစ်တပ်အပေါ် ကြီးမားတဲ့ထိုးစစ်တွေနဲ့ အောင်ပွဲတွေ ဆက်တိုက်ရလာချိန်မှာတော့ ဒီအခြေအနေတွေက ပြောင်းလဲကုန်ပါတယ် ။ ညီနောင်မဟာမိတ် ၃ ဖွဲ့နဲ့ တော်လှန်ရေးတပ်တွေက စစ်တပ်စခန်းတွေ ရာနဲ့ ချီပြီးသိမ်းပိုက်လာချိန် ၊ ရှမ်းပြည်နယ် မြောက်ပိုင်းသာမက ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းမှာ စစ်ကောင်စီတပ်ဆီကမြို့တွေတစ်မြို့ပြီးတစ်မြို့ သိမ်းလာတဲ့အခါ ၊ တစ်နိုင်ငံလုံးအဆင့် ထိုးစစ်ပုံစံပြောင်းလာချိန်မှာ နိုင်ငံတကာမီဒီယာတွေက အလေးထားပြီးဖော်ပြလာကြပါတယ်။
အမေရီကန်က သြဇာကြီးသတင်းဌာနကြီးဖြစ်တဲ့ ဝါရှင်တန်ပိုစ်ရဲ့ အယ်ဒီတာအဖွဲ့က "မြန်မာ စစ်တပ်ဟာရှုံးနေပြီ စစ်တပ်ပြိုကျမှုအတွက်အမေရီကန်ကကြိုတင်ပြင်ဆင်ထားသင့်တယ် " လို့ခေါင်းစီးတပ်ပြီး အယ်ဒီတာ့ အာဘော်ကို နိုဝင်ဘာ ၂၈ ရက်ကရေးသားဖော်ပြပါတယ် ။ #ludunwayoo #လူထုနွေဦး #NewsUpdate
𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴
𝗬𝗼𝘂𝗧𝘂𝗯𝗲 - 𝗵𝘁𝘁𝗽𝘀://𝘄𝘄𝘄.𝘆𝗼𝘂𝘁𝘂𝗯𝗲.𝗰𝗼𝗺/@𝗽𝗲𝗼𝗽𝗹𝗲𝘀𝗽𝗿𝗶𝗻𝗴
𝗙𝗮𝗰𝗲𝗯𝗼𝗼𝗸 - 𝗵𝘁𝘁𝗽𝘀://𝘄𝘄𝘄.𝗳𝗮𝗰𝗲𝗯𝗼𝗼𝗸.𝗰𝗼𝗺/𝗟𝘂𝗱𝘂𝗡𝘄𝗮𝘆𝗢𝗼
𝗪𝗲𝗯𝘀𝗶𝘁𝗲 - 𝗵𝘁𝘁𝗽𝘀://𝘄𝘄𝘄.𝗹𝘂𝗱𝘂𝗻𝘄𝗮𝘆𝗼𝗼.𝗰𝗼𝗺/
𝗜𝗻𝘀𝘁𝗮𝗴𝗿𝗮𝗺 - 𝗵𝘁𝘁𝗽𝘀://𝘄𝘄𝘄.𝗶𝗻𝘀𝘁𝗮𝗴𝗿𝗮𝗺.𝗰𝗼𝗺/𝗹𝘂𝗱𝘂𝗻𝘄𝗮𝘆𝗼𝗼
𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺 - 𝗵𝘁𝘁𝗽𝘀://𝘁.𝗺𝗲/𝗣𝗲𝗼𝗽𝗹𝗲𝗦𝗽𝗿𝗶𝗻𝗴
Негізгі бет အာဏာသိမ်းစစ်တပ် စစ်ရှုံးနေပြီလို့ ကမ္ဘာမီဒီယာကြီးတွေက စိတ်ဝင်တစားဖော်ပြလာ | People's Spring
Пікірлер: 698