အာဏာသိမ်းမှုအပေါ် MRTV အစီအစဉ်တင်ဆက်သူ ဦးကျော်သက်လင်းရဲ့ ခံယူချက်
ချစ်မင်းထွန်း
ဖေဖော်ဝါရီ ၁၀
၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)က မဲအပြတ်အသတ်ဖြင့် အနိုင်ရကာ အစိုးရဖွဲ့စည်းခွင့်ရရှိခဲ့သော်လည်း မဲစာရင်း ၁၀ သန်းကျော် အငြင်းပွားနေကြောင်းနှင့်ပတ်သက်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC) အပါအဝင် NLD အစိုးရတာဝန်ရှိသူများမှ ဖြေရှင်းပေးရန် တောင်း ဆိုခဲ့သည်။
ထိုသို့ ဖြေရှင်းပေးခြင်းမရှိဘဲ လွှတ်တော်ခေါ်ယူကျင်းပရန် ကြိုးပမ်းသည်ဟုဆိုကာ တပ်မတော်က ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်တွင် နိုင်ငံတော်ကို အရေးပေါ် ကြေညာကာ အာဏာထိန်းချုပ်လိုက်သည်။ အာဏာထိန်းချုပ် လိုက်သည်ဆိုသည့်တိုင် အများကတော့ တပ်မတော်က အာဏာသိမ်းလိုက်သည်ဟု ဆိုကြသည်။
အဆိုပါ တပ်မတော်၏ အာဏာသိမ်းမှုအပေါ် တစ်နိုင်ငံတစ်ဝန်း ဆန့်ကျင် ကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော် နေကြသလို အစိုးရဝန်ထမ်းများနှင့် ပုဂ္ဂလိက ဝန်ထမ်းများကလည်း ငြိမ်းချမ်းစွာ လူထုအာဏာဖီဆန်ရေး လှုပ်ရှားမှု(Civil Disobedience Movement )မှာ ပါဝင် လျက်ရှိသည်။
Civil Disobedience Movement (CDM) လှုပ်ရှားမှုတွင် အစိုးရ၏ ပြန်ကြားရေးဝန်ကြီးဌာန လက်အောက်ရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားဌာန (MRTV)တွင် ဦးစီးအရာရှိတာဝန်နှင့် အစီအစဉ် တင်ဆက်သူအဖြစ် တာဝန်ယူထားသူ ဦးကျော်သက်လင်းလည်း ပါဝင်လျက်ရှိသည်။
ထို့ကြောင့် MRTV တွင် ဦးစီးအရာရှိတာဝန်နှင့် အစီအစဉ်တင်ဆက်သူအဖြစ် တာဝန်ယူကာ CDM လှုပ်ရှားမှုမှာ ပါဝင်နေသူ ဦးကျော်သက်လင်းကို မဇ္ဈိမ မီဒီယာမှ အယ်ဒီတာ ချစ်မင်းထွန်းက ဆက်သွယ် မေးမြန်းထားပါသည်။
#Mizzima
#MizzimaExclusiveinterview
#KyawThetLin
#ChitMinTun
a TV channel for Daily Update News and Entertainment TV programs.
✅ Visit to our Official website: www.mizzimaburmese.com
✅ Mizzima TV Application FREE download : bit.ly/30qmeCn
✅ Follow us on our Facebook
Mizzima News in Burmese : facebook.com/MizzimaDaily/
Mizzima TV : facebook.com/mizzimatvchannel/
Негізгі бет အာဏာသိမ်းမှုအပေါ် MRTV အစီအစဉ်တင်ဆက်သူ ဦးကျော်သက်လင်းရဲ့ ခံယူချက်
Пікірлер: 686