အာဏာရှင် စစ်အုပ်စုအသိုင်းအဝိုင်းမှာ ကြီးပြင်းခဲ့ရပေမယ့် အာဏာရှင်စနစ်ကို မုန်းတီးလို့ တော်လှန်ရေးမှာ ပါဝင်လာသူ
=================================================
ရဲဘော် အေးမင်းကိုကို (ခ) တနိုင်းက မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ် (မန္တလေး UFL) ကနေ ရုရှားမေဂျာနဲ့ ဘွဲ့ရခဲ့သူတစ်ဦးဖြစ်ပါတယ်။ အာဏာရှင်စစ်အုပ်စု အသိုင်းအဝန်းမှာ မွေးဖွား ကြီးပြင်းခဲ့ရသူဖြစ်ပေမယ့်လည်း အာဏာရှင်စနစ်ကို မုန်းတီးလို့ တော်လှန်ရေးမှာ ပါဝင်လာခဲ့သူပါ။ ပြည်သူ့ကာကွယ်ရေးတပ်မတော် မန္တလေး (MDY PDF) ရဲ့ အခြေခံစစ်ပညာ သင်တန်း အပတ်စဉ် ၄ မှာ တက်ရောက်ခဲ့ပြီးနောက် ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၇ ရက်မှာ သင်တန်းဆင်း ပြီး လက်နက်ကိုင်တော်လှန်ရေးမှာ ထဲထဲဝင်ဝင် ပါဝင်ခဲ့ပါတယ်။
MDY PDF တပ်ရင်း ၂ မှာ တပ်စိတ်မှုး ၊ ဂွေးပင်တိုက်ပွဲအပြီးမှာ တပ်ရင်း ၂ တပ်ခွဲမှူး အဖြစ်တာဝန်တွေထမ်းဆောင်ခဲ့ပါတယ်။ အဲဒီနောက် လက်နက်ကြီးသင်တန်းအပြီးမှာ လက်နက်ကြီး ၁၀၇ အဖွဲ့ စိတ်မှုး ၊ ၂၀၂၃ ခုနှစ် မတ်လမှာ လက်နက်ကြီးအဖွဲ့ခေါင်းဆောင် အဖြစ် တာဝန်ယူရင်း တော်လှန်ရေးတာဝန်တွေ ကျေပွန်အောင် ကိုယ်စွမ်း ၊ ဥာဏ်စွမ်းရှိသမျှ ကြိုးစား ထမ်းဆောင်ခဲ့ပါတယ်။
MDY PDF က ဖော်ဆောင်တဲ့ တိုက်ပွဲများအားလုံးမှာ လက်နက်ကြီးတိုက်ခိုက်ရေးတာဝန်ကို စွမ်းစွမ်းတမံ ထမ်းဆောင်ပြီးတဲ့နောက် ၂၀၂၄ ခုနှစ် ဇွန်လ ၁၂ ရက်မှာ MDY PDF ရဲ့ လက်ထောက် ကွပ်ကဲရေးမှူးအဆင့် ၊ လက်နက်ကြီး စစ်ဆင်ရေးဌာန ပထမဦးဆုံး အကြီးအမှူးအဖြစ် တိုးမြှင့် တာဝန်ပေးခြင်း ခံခဲ့ရပါတယ်။
၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းအဖြစ် ဆင်နွှဲခဲ့တဲ့ မတ္တရာမြို့နယ် အင်ကြင်းမြိုင် လေကြောင်းရန် ကာကွယ်ရေးတပ် (လကတ ၁၀၁၄) စခန်းသိမ်းတိုက်ပွဲမှာ စစ်ရေးတာဝန်ထမ်းဆောင်ရင်း ၂၀၂၄ ခုနှစ် ဇွန် ၂၆ ရက်မှာ မြင့်မြတ်စွာနဲ့ ကျဆုံးခဲ့ပါတယ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV Telegram Channel -t.me/pvtvmyanmar
#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ KZitem Channel ဖြစ်သော kzitem.info တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့်တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။
Негізгі бет အာဏာရှင်စနစ်ကိုမုန်းတီးလို့ တော်လှန်ရေးမှာ ပါဝင်လာသူ ရဲဘော် အေးမင်းကိုကို (ခ) တနိုင်း
Пікірлер: 736