အသက်အန္တရာယ်ရှိတဲ့ ခေါင်းကိုက်ဝေဒနာဆိုတာ ဘာလဲ???
.
.
.
ခေါင်းကိုက်တာ အရမ်းအဖြစ်များတဲ့ ကျန်းမာရေး ပြဿနာဖြစ်ပါတယ်။
ဒါကြောင့် လူအများစု က ဒီအတွေ့အကြုံကို ကြုံဖူးကြပါတယ်။
ဒါကြောင့် ကျနော့်ပြောမယ့်အချက်ကတော့ အသက်အန္တရာယ်ရှိတဲ့ ခေါင်းကိုက်ဝေဒနာ အချက် (၁၂) ချက်ကို ဖော်ပြပေးလိုက်ပါတယ်။
.
.
.
၁။ ပထမဆုံးအကြိမ် ခေါင်းကိုက်တာ အသက် ၅၀ကျော်မှစရင်
၂။ ခေါင်းကိုက်တဲ့ ပုံစံ အကြီးအကျယ်ပြောင်းလဲရင်
၃။ တခါမှ မကြုံဖူးတဲ့ ပြင်းထန်တဲ့ ခေါင်းကိုက်ရင်
၄။ ချောင်းလေးဆိုးတာ (ဒါမှမဟုတ်) နည်းနည်းလေးလှုပ်ရှားတာနဲ့ ခေါင်းကိုက်ရင်
၅။ တနေ့တခြား ခေါင်းကိုက်တာပိုဆိုးရင်
၆။ တနေ့တနေ့ ခေါင်းကိုက်ရင်း လူနေမှုပုံစံပြောင်းလာတာ၊ စိတ်ရောဂါဖြစ်လာရင်
၇။ ခေါင်းလည်းကိုက်ပြီး အဖျား၊ လည်ပင်းခိုင်တာ၊ စိတ်ရှုပ်ထွေးတာ၊ မတက်ကြွတော့ရင်၊ မှတ်ဉာဏ်အားနေလာရင်၊ တခြားသော အာရုံကြောလက္ခဏာများဖြစ်တဲ့ အမြင်အာရုဏ်ထိခိုက်လာရင်၊ စကားမပီတော့ရင်၊ အားနည်းနေရင်၊ အာရုံကြောတွေ ထုံထိုင်းနေရင်၊ အတက်ရောဂါပါဖြစ်လာရင်
၈။ ခေါင်းကိုက်ရင်း မျက်လုံးနီနေရင်၊ မျက်လုံးနာနေရင်
၉။ ခေါင်းကို လေလေးတိုက်တာနဲ့ကိုက်ရင်
၁၀။ နေ့စဉ်လှုပ်ရှားမှုမလုပ်နိုင်တော့အောင် ခေါင်းကိုက်ရင်
၁၁။ အိပ်ယာနိုးတာနဲ့ရုတ်တရက် ခေါင်းကိုက်လာရင်
၁၂။ ကင်ဆာရောဂါသည်နဲ့ ကိုယ်ခံအားကျတဲ့လူနာတွေေ ခေါင်းကိုက်ရင်
.
.
စိုးရိမ်ရပါတယ်။
.
.
ဒီ Video လေးကို ကြည့်ပြီး အကျိုးကျေးဇူးရှိတယ်ဆိုရင် Like & Share လုပ်ဖို့မမေ့ပါနဲ့။
.
.
ကျနော်ဟာ ကျန်းမာရေးအတွေက် KZitem မှာလည်း Channel ရှိလို့ Subscribe လုပ်ထားပါလို့ပြောချင်ပါတယ်။
.
/ @dochtat
.
ကျနော့်ရဲ့ TikTok လည်းရှိလို့ ကျန်းမာရေးအတွက် နားထောင်လိုပါက Follow လုပ်ထားဖို့ အကြံပြုလိုက်ပါတယ်။
.
/ drhtetwin
Негізгі бет အသက်အန္တရာယ်ရှိတဲ့ ခေါင်းကိုက်ခြင်းဆိုတာ ဘာလဲ? You Tube
Пікірлер: 196