May 4 , 2015
အ နှေး လွင့် တိမ် တိုက် ..
*****************
ခေါင် မိုး များ ..
လမ်း မ များ ...
တော တောင် များ
ကျွန်း များ ...
ပင် လယ် များ ...
တစ် နေ ရာ ရာ ကို ထိုး ဆင်း ဖို့ ရှာ တယ် ...
ဘယ်သူ အား လဲ ..
ဘယ် သူ မှ မအားဘူးလား ..
ဟုတ်ကဲ့ ..
ဒါ ဆို ..ဆက် လွင့် ဦး မယ် ...
ကြယ်တာရာ များ ..
ညစဉ် တစ်ခြမ်းပဲ့လ များ ...
လွတ် လပ် မှု စစ် စစ် ငှက် များ ..
ဟက်ဟက် ပက် ပက် မ ရှိတဲ့ အိပ် မက် များ ...
တစ်ခုခု နဲ့ တွန်းတိုက် ပစ် ဖို့ ရှာ တယ် ...
ဘယ် သူ မှား လဲ ...
ဘယ်သူ မှ မမှားဘူး လား ...
ဟုတ်ကဲ့ ..ဒါဆို ..ဆက်မှား လိုက် ဦး မယ် ...
ုတိမ် ဟာ တိမ် ဖြစ် ကြောင်း သက် သေ ပြ ဖို့
သူ့ မျှော် လင့် မှု ကို နှိမ် တယ်
သူ့ နာကျင် မှု ကို နှိမ် တယ်
သူ့ရှင် သန် မှု ကို နှိမ် တယ် ...
ဒါ ပေ မယ့်
သူ့ ယုံ ကြည် ချက် ကို မလိမ်ဘူး ...
သူ့ မြတ်နိုးမှု ကို မလိမ်ဘူး ...
သူ့ တန်ဖိုးထားမှု ကို မလိမ်ဘူး ...
တိမ် ဟာ
နာကျည်း မှု နဲ့ ဆက်လွင့် နေ ဖို့
အိမ် လိပ် စာ မေ့ ပစ် လိုက် တယ် ....
အလင်းမြင့်မိုရ်
ခံစားဖန်တီး - မောင်ချမ်း ( ခရမ်းပြာ )
Негізгі бет အသံထွက်ကဗျာ " အနှေးလွင့်တိမ်တိုက် " အလင်းမြင့်မိုရ်
No video
Пікірлер