အသိမှတ်ဥာဏ်လျော့ပါးလာတဲ့ Dementia ရောဂါ ဖြစ်ရင် ဘယ်လို ကုနိုင်မလဲ။
ကိုယ့် မိသားစုဝင်ထဲက အဘိုးအဘွား၊ အဖေအမေ တစ်ဦးဦး ခါတိုင်းနဲ့မတူ ခဏခဏ မေ့တတ်လာရင်၊ တွေ့နေကျလူတွေရဲ့ နာမည်တွေကိုတောင် မမှတ်မိတော့ဘူးဆိုရင် စိုးရိမ်စရာပါလား။
ဒါတွေက သက်ကြီးရွယ်အိုတွေမှာ ဖြစ်တတ်တဲ့ အသိမှတ်ဥာဏ် လျော့ပါးလာတဲ့ Dementia ရောဂါရဲ့ ရှေ့ပြေးလက္ခဏာတွေလား။ ဒီရောဂါ ဖြစ်လာခဲ့ရင် ရောဂါ ပိုဆိုးမလာအောင် ဘယ်လိုနည်းတွေနဲ့ ထိန်းထားလို့ ရမလဲ။
သူငယ်ပြန်နေပြီလို့ တချို့က ထင်တတ်ကြတဲ့ Dementia ရောဂါသည် မိသားစုဝင်တွေကို အကောင်းဆုံး ဘယ်လို ပြုစုစောင့်ရှောက်ကြမလဲ။
ယူကေနိုင်ငံက သက်ကြီး စိတ်ရောဂါ အထူးကု သမားတော်ကြီး ဒေါက်တာနွဲ့ဝင်းသိန်းက ဘီဘီစီရဲ့ ကျန်းမာရေးရာ Health Matters အစီအစဥ်မှာ ရှင်းပြထားပါတယ်။
ဘီဘီစီမြန်မာပိုင်း
Негізгі бет Ойын-сауық အသိမှတ်ဥာဏ်လျော့ပါးလာတဲ့ Dementia ရောဂါ ဘယ်လို ကုမလဲ - BBC News မြန်မာ
Пікірлер: 33