မနက်ဖြန် ဧပြီလ ၁၆ ရက်နေ့ ဆိုရင် အမျိုးသား ညီညွတ်ရေး အစိုးရ NUG ဖွဲ့စည်း ထူထောင်တာ ၂ နှစ်ပြည့်ပြီ ဖြစ်ပါတယ်။ စစ်အာဏာရှင် စနစ် ဖယ်ရှားရေးနဲ့ ပတ်သက်ပြီး အခုနှစ်ထဲမှာ အဆုံးအဖြတ်ဖြစ်စေမယ့် အပြောင်းအလဲတွေ တွေ့လာရမယ်လို့ NUG က ကြေညာထားပါတယ်။
လက်ရှိ မြေပြင် အခြေအနေကို ကြည့်ရင် .... လူတွေ ရာကျော် အစုလိုက် အပြုံလိုက် သေဆုံးခဲ့ရတဲ့ ကန့်ဘလူနယ် ပဇီကြီးရွာ လေကြောင်း တိုက်ခိုက် ခံရတဲ့ ဖြစ်ရပ် အခုရက်ပိုင်းထဲမှာပဲ ပေါ်ပေါက်ခဲ့ပါတယ်။
ဒီတော့ .... အဲဒီလို လေကြောင်းရန်ကနေ အရပ်သား ပြည်သူတွေကို အကာအကွယ် ပေးနိုင်ရေး NUG အနေနဲ့ ဘာတွေ လုပ်ဆောင်နေလဲ ဆိုတာနဲ့ အတူ၊ ထူထောင်တာ ၂ နှစ်ပြည့်ချိန်လည်းဖြစ်၊ အခုနှစ်ရဲ့ ပထမ ၄ လတာ ကာလ ရောက်လာချိန်မှာ NUG ရည်မှန်းထားသလို တကယ့်ကို အပြောင်းအလဲဖြစ်စေမယ့် အခြေအနေတွေဆီ ဦးတည် နေပြီလား ... စတာတွေကို ဒီတစ်ပတ် ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးသွားဖို့ ရှိပါတယ်။ ကိုဝေဖြိုး စီစဥ် တင်ဆက်ထားပါတယ်။ #ဘီဘီစီမြန်မာပိုင်း #သတင်းမြင်ကွင်း
Негізгі бет အဆုံးသတ်တိုက်ပွဲရဲ့ အဆုံးအဖြတ်နှစ် တကယ်တမ်း ဖြစ်နိုင်မလား - BBC News မြန်မာ
Пікірлер: 327