သီပေါမင်းရဲ့ မိဖုရားခေါင်ဖြစ်ခွင့်ရခဲ့တဲ့ မိုင်းနောင်စုဖုရားကြီးဟာ မိဖုရားစုဖုရားလတ်ရဲ့ အစ်မရင်းတော်စပ်သူဖြစ်ပါတယ်။ စုဖုရားကြီးဟာ အေးဆေးတဲ့ စရိုက်နဲ့ အကျင့်သီလပြည့်စုံသူတစ်ဦးဖြစ်ပြီးတော့ ဘာသာရေးကိုလည်းကိုင်းရှိုင်းသူတစ်ယောက်ဖြစ်ပါတယ်။ ကုန်းဘောင်ခေတ်ရဲ့ နန်းရေးအရှုပ်အထွေးတွေစတင်ချိန်မှာ စုဖုရားကြီးဟာမြေစာပင်ဖြစ်ခဲ့ရသူဖြစ်ပြီး မိမိကိုမချစ်မနှစ်သက်သူနဲ့ လက်ဆက်ခဲ့ရကာ ညီမတော်ရဲ့မုန်းတီးမှုများကိုလည်း ခါးစည်းခံခဲ့ရပါတယ်။
ဘုရင်နဲ့လက်ဆက်ပြီး မိဖုရားကြီးအရာရခဲ့ပေမဲ့ ကွယ်လွန်ချိန်ထိ အပျိုတော်တစ်ယောက်လို နေထိုင်ခဲ့ရတဲ့သူ့ဘဝဟာ သနားစဖွယ်ဖြစ်ခဲ့ပါတယ်။ စုဖုရားကြီးရဲ့ဘဝအကြောင်းကို ဇာတ်လမ်းမှစုံလင်စွာ စုဆောင်းတင်ဆက်ပေးထားတာကြောင့်နားဆင်လိုက်ကြပါဦးပရိသတ်ကြီးရေ။
===============================================
ဇာတ်လမ်း-Z Lann မှတင်ဆက်ပေးလျက်ရှိတဲ့ အစီအစဉ်ကောင်းတွေကိုတော့ ဇာတ်လမ်း-Z Lann ရဲ့ Facebook Page ကနေလည်း ရှုစားနားဆင်နိုင်သလို အသံဖိုင်သီးသန့်နားထောင်လိုကြသူတွေကတော့ အောက်ပါလင့်ခ်ကနေ တစ်ဆင့်ဝင်ရောက်နားဆင်ခံစားနိုင်ပါတယ်။
KZitem : / @zlann_podcast
Podcast podcasters.spo...
Facebook Group / zlann
#ZLann #ZLann_Podcast #ရာဇဝင်ထဲကဣတ္ထိယ
Негізгі бет အတ္တများကြား မြေစာပင်ဖြစ်ခဲ့ရသူ မိုင်းနောင်စုဖုရားကြီး
Пікірлер