အေသင်ချိုဆွေ - သီချင်းလေးကိုချစ်တာလားတို့ကိုချစ်တာလား (Lyrics)
Subscribe Snowy Lyrics!!
Lyric
တို့ရဲ့ သီချင်းလေးကို
မင်းခင်တွယ်တာလား
တို့ရဲ့ နှလုံးသားကို
မင်းကြင်နာတာလား
ကွဲပြားခြားနားတဲ့ အဖြေကို
ရောနှောမပြစ်လိုက်နဲ့သေခြာပြန်လည်
စဉ်းစားကြည့်လိုက်ဦး
မရေမရာတွေဝေကာ
မှားယွင်းဆုံးဖြတ်မှာ စိုးမိတယ်
ရောရောထွေးထွေး လာမချစ်နဲ့ကွယ်
တော်ကြာပြင်ရန်ခက်မယ်
မသေမချာဖြေသူရယ်
ခွဲခွဲခြားခြား ပြန်တွေးဦးကွယ်
နောက်တော့မှ တို့ကိုဆွေးရအောင်
ယာယီလာမချစ်နဲ့ကွယ်
တို့ရဲ့သီချင်းထဲမှာ မင်းသာယာတာလား
တို့ရဲ့နှလုံးသားကို မင်းလိုချင်တာလား
မင်းရဲ့ အတွင်းစိတ်က
ရည်ရွယ်ချက်ပြတ်ပြတ်သားသား
အချိန်ယူကာ အလေးအနက်ဆုံးဖြတ်ဦး
ဖြူဖြူစဉ်စဉ်ခင်နိုင်တယ် သီချင်းလေးကြောင့် တို့ကိုစွဲလမ်းရင်
သီချင်းလေးငြီးငွေ့သလို့မင်းအချစ်တွေကြာရှည်ခိုင်မာဖို့မလွယ်
မှန်မှန်ကန်ကန်ဆင်ခြင်ကာ
နောက်ဆုတ်သင့်ခဲ့ရင်နောက်ဆုတ်ပါ
အေးချမ်းတဲ့ဘဝ လာမဖျတ်နဲ့ကွာ
ကြိုတင်သတိပေးထားမယ်
Music..♪..♬..♪..♬
မှန်မှန်ကန်ကန်ဆင်ခြင်ကာ
နောက်ဆုတ်သင့်ခဲ့ရင်နောက်ဆုတ်ပါ
အေးချမ်းတဲ့ဘဝ လာမဖျတ်နဲ့ကွာ
ကြိုတင်သတိပေးထားမယ်
မရေမရာတွေဝေကာ
မှားယွင်းဆုံးဖြတ်မှာ စိုးမိတယ်
ရောရောထွေးထွေး လာမချစ်နဲ့ကွယ်
တော်ကြာပြင်ရန်ခက်မယ်
မသေမချာဖြေသူရယ်
ခွဲခွဲခြားခြား ပြန်တွေးဦးကွယ်
နောက်တော့မှ တို့ကိုဆွေးရအောင်
ယာယီလာမချစ်နဲ့ကွယ်
ယာယီလာမချစ်နဲ့ကွယ်
ကြိုတင်သတိပေးထားမယ်
#အေသင်ချိုဆွေ #lyrics #lyricvideo
Негізгі бет Музыка အေသင်ချိုဆွေ - သီချင်းလေးကိုချစ်တာလားတို့ကိုချစ်တာလား (Lyrics)
Пікірлер: 61