၀၉ စက်တင်ဘာ ၂၀၂၂- ဘီဘီစီ မနက်ခင်းသတင်း
ဗြိတိသျှ ထီးနန်းတလျှောက် နန်းသက်အရှည်ဆုံး ဒုတိယမြောက် အဲလစ်ဇဘတ် ဘုရင်မကြီး သက်တော် ၉၆ အရွယ်မှာ နတ်ရွာစံ၊
ဗြိတိသျှ ဘုရင်သစ်အဖြစ် ဘုရင်မကြီးရဲ့ သားအကြီးဆုံး ဝေလမင်းသားဟောင်း ချားစ် ဖြစ်လာ၊
နှစ်ပေါင်း ၇၀ ကြာ နန်းစံခဲ့တဲ့ ဘုရင်မကြီးအတွက် ဗြိတိန်နိုင်ငံတဝန်း ဝမ်းနည်းပူဆွေးနေကြ၊
ဓနသဟာယအဖွဲ့ဝင် ၁၅ နိုင်ငံရဲ့ နိုင်ငံဦးသျှောင်လည်း ဖြစ်တဲ့ ဘုရင်မကြီးအတွက် ချီးကျူးဂုဏ်ပြု၊
ဘုရင်မကြီး နတ်ရွာစံတဲ့သတင်းအပေါ် ကမ္ဘာတဝန်း နိုင်ငံခေါင်းဆောင်တွေက ဝမ်းနည်းကြောင်း ထုတ်ဖော်ပြောဆို၊
အဲလစ်ဇဘတ်ဘုရင်မကြီးရဲ့ ဘ၀ဖြတ်သန်းမှု၊ ထီးနန်းအရိုက်အရာ ဆက်ခံမှု အကြောင်းတွေအပါအဝင် ဘုရင်မကြီးနဲ့ ပတ်သက်တဲ့ သတင်းအပြည့်အစုံကို အထူးအစီအစဥ်အနေနဲ့ တင်ဆက်ပေးထားပါတယ်။
#ဘီဘီစီမြန်မာပိုင်း #ဗြိတိန် #အဲလစ်ဇဘတ် #ဘုရင်မကြီး #တော်ဝင် #ဗြိတိသျှ #ထီးနန်း #ချားစ်ဘုရင် #ဓနသဟယနိုင်ငံ
Негізгі бет အဲလစ်ဇဘတ် ဘုရင်မကြီး သက်တော် ၉၆ နှစ်အရွယ်မှာ နတ်ရွာစံ - ဘီဘီစီ News မြန်မာ
Пікірлер: 164