အီလွန်မက်စ်နှင့် ဇူကာဘက်တို့က ခင်မင်ရင်းနှီးကြတဲ့ မိတ်ဆွေတွေမဟုတ်ကြဘူးဆိုတာကို မိတ်ဆွေတို့အနေနဲ့ သိပြီးကောင်းသိပြီးကြမှာပါ။
အီလွန်မက်စ်ရဲ့ SpaceX ဒုံးပျံနှင့် တွဲဖက်လွှတ်တင်ခဲ့တဲ့ Facebook ဂြိုဟ်တုပေါက်ကွဲမှုမတိုင်ခင်ကတည်းက သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးက အကောင်းကြီးလို့ ဆိုလို့မရပါဘူး။
Facebook ရဲ့ ပထမဦးဆုံး ဂြိုဟ်တုဖြစ်တဲ့ Amos 6 ဟာ အာဖရိကတိုက်ရဲ့ ဆာဟာရသဲကန္တာရအနီးက နိုင်ငံတွေကို မြန်နှုန်းမြင့် အင်တာနက်ပေးဖို့ ရည်ရွယ်ခဲ့ပါတယ်။
ဒါပေမယ့်လည်း ဒီဂြိုဟ်တုကို ကမ္ဘာပတ်အာကာသလမ်းကြောင်းထဲ သယ်ဆောင်ပေးမယ့် Falcon 9 ဂြိုဟ်တုဟာ စမ်းသပ်မှုတစ်ခုပြုလုပ်စဉ်မှာပဲ ပေါက်ကွဲခဲ့တဲ့အတွက် ကင်ညာနိုင်ငံမှာ စောင့်ဆိုင်းနေတဲ့ ဇူကာဘက်ရဲ့ မျှော်လင့်ချက်တွေကို ရိုက်ချိုးခဲ့ပါတော့တယ်။ ဇူကာဘက်က “ဒီလွှတ်တင်မှုမအောင်မြင်မှုကြောင့် တော်တော်လေးစိတ်ပျက်မိတယ်” လို့ ရေးသားခဲ့ပါတယ်။ နှစ်ပေါင်းအနည်းအကြာမှာ မက်စ်ကလည်း “ဟုတ်တယ်၊ ရူးကြောင်ကြောင်လုပ်မိတာ ငါ့အမှားပဲ” “ဒါကို ကာမိစေဖို့ Facebook ကို အခမဲ့ ဂြိုဟ်တု လွှင့်တင်ပေးဖို့ အခမဲ့စီစဉ်ပေးလိုက်မိတယ်။” ဆိုပြီး Twitter ကနေ ပြန်လည် တုန့်ပြန်ခဲ့ပါတယ်။
Негізгі бет Ойын-сауық အီလွန်မက်စ် vs. ဇူကာဘက်
Пікірлер: 5