Analog မီတာဖြင့် Capacitor တိုင်းတာစစ်ဆေးခြင်း
Capacitor ကို စမ်းသပ်တိုင်းတာသည့်အခါ သေးငယ်သော ကပယ်စီတာများကို တိုင်းတာလျှင် Ohm Scale ကိုများများထားပေးပါ အဘယ်ကြောင့်ဆိုသော Ohm Scale နည်းပါက Pointer လှုပ်ရှားမှု့ကို သိပ်ထင်ရှားစွာမမြင်ရကြောင်း ဗီဒိယိုထဲတွင် မြင်နိုင်မှာပါ နောက်တဖန် အားပြည့်နေသော ကကယ်စီတာကို တိုင်းလျှင်လည်း ထူးခြားမှု့မရှိပေ ထိုအခါ ခြေထောက်ကိုပြောင်းပြန်လှန်တိုင်းရပေမည် .။
၁ . ကောင်းနေသောပုံမှန်အလုပ်လုပ်နေသော ကပယ်စီတာကိုစစ်ဆေးသောအခါ Pointer သည် ဖျက်ခနဲတချက်တက်လာပြီး ပြန်ဆင်းသွားရပေမည် ။
၂ Pointer တက်လာပြီး ပြန်မဆင်းပဲ တက်လာသောနေရာတွင်ပင် ရပ်နေပါက Short ဖြစ်နေခြင်းဖြစ်ပြီး Short ဖြစ်သော ကပယ်စီတာများကို အီလက်ထရိုလစ်စတစ် အမျိးအစားများတွင်သာတွေ့ရတတ်သည် ။
၃ အပြန်အလှန်တိုင်းသော်လည်း လုံးဝ Pointer တက်မလာသော ကပယ်စီတာမျိုးသည် Open ဖြစ်နေပေသည် ။
၄ Leakage ဖြစ်နေသော ကပယ်စီတာမျိုးသည်ပါတ်လမ်းအတွင်းလွန်စွာဒုက္ခပေးသောအခြေအနေမျိးဖြစ်သည် ၎င်းအားတိုင်းသောအခါ မူလရှိသင့်သည် Ohm တန်ဖိုးထက်များစွာ လျော့နည်းနေပါက Leakage ဖြစ်နေခြင်းဖြစ်ပြီး အပြန်အလှန်စမ်းသပ်စစ်ဆေးခြင်းဖြင့် Ohm တန်ဖိုးကိုမှတ်ထားရမည် ကောင်းမွန်သော ကပယ်စီတာသည် အပြန်အလှန်တိုင်းသော်လည်း Ohm တန်ဖိုးတူညီပေသည် ။
Leakage ဖြစ်နေသော ကပယ်စီတာ ကိုသေသေချာချာစစ်ဆေးနည်းမှာ ပါတ်လမ်းအတွင်း ပါဝါပေးသွင်းထားစဉ် Voltage ကိုတိုင်းကြည့်ရမှာဖြစ်ပါတယ် ခြေထောက်နှစ်ဘက်လုံး ဗို့တူညီနေပါက သေချာပေါက် Leakage ဖြစ်နေခြင်းဖြစ်ပါသည် ။
Негізгі бет Analog Meter ဖြင့် Capacitor တိုင်းတာစစ်ဆေးခြင်း
Пікірлер: 35