SSBU
“ပျော်ရွှင်သောစိတ် ပျော်ရွှင်သောဦးနှောက်ဖြင့် ချမ်းသာသုခကိုရှာဖွေခြင်း” အခမဲ့သင်တန်း ကို SSBU eLearn Application တွင် သင်တန်းတက်ရောက်နိုင်ပါပြီ
SSBU eLearn Application Download ရယူရန်
• Android- shorturl.at/wEHQ5
• IOS - shorturl.at/FGRS8
“ပျော်ရွှင်သောစိတ် ပျော်ရွှင်သောဦးနှောက်ဖြင့် ချမ်းသာသုခကိုရှာဖွေခြင်း” သင်တန်းကို ဘယ်လိုလူတွေ တက်ရောက်သင့်သလဲ?
(၁) နေ့စဥ်ပြဿနာတွေကြားမှာ ပျော်ရွှင်သောအကျင့်ကို တည်ဆောက်လိုသူများ
(၂) အကောင်းမြင်ဝါဒ ဆိုတဲ့အင်အားနဲ့ အခက်အခဲကို ကျော်လွှားလိုသူများ
(၃) ပျော်ရွှင်သောစိတ် ပျော်ရွှင်သောဦးနှောက်ဖြင့် ချမ်းသာသုခကို ရှာဖွေလိုသူများ
(၄) လှပတဲ့စိတ်ခံစားမှု (The Beauty of Emotion) ဖြင့် လောကကိုအလှဆင်လိုသူများ
သင်တန်းအကြောင်းအကျဉ်းချုပ်
ယခုသင်တန်းသည် ပျော်ရွှင်သော စိတ်၊ ပျော်ရွှင်သော ဦးနှောက်ဖြင့် ချမ်းသာသုခကို ရှာဖွေနိုင်ရန် မှန်ကန်သော စိတ်ထားဖြင့် ငွေကြေးနှင့် အချိန် အကုန်အကျ မများဘဲ စိတ်ချမ်းသာမှု ရရှိနိုင်ကြောင်းနှင့် ရရှိနိုင်ပုံကို ဗုဒ္ဓမြတ်စွာဘုရား၏ သစ္စာလေးရပ်အတွေးအခေါ်ပေါ်မူတည်၍ သိပ္ပံပညာ အထောက်အထားများဖြင့် တင်ပြထားပါသည်။
နေ့စဥ် ပြဿနာတွေကြားမှာ ပြဿနာအားလုံးချုပ်ငြိမ်းကုန်ဆုံးသည်အထိ စောင့်ရန်မလိုဘဲ လူ့ဒုက္ခနိစ္စဓူဝ ပြဿနာများနှင့် နပန်းလုံးနေချိန်မှာပင် ပျော်ရွှင်သောအကျင့် နှင့် ခက်ခဲတဲ့ကာလမှာ အကောင်းမြင်ဝါဒတည်ဆောက်နိုင်ရန် အခန်း(၁၀)ခန်းခွဲပြီး ခေါင်းစည်းအသီးသီးခွဲပြီး တင်ပြပေးထားပါသည်။
သင်ကြားရမည့်သင်တန်းခေါင်းစဉ်များမှာ -
အခန်း (၁) : ငြိမ်းချမ်းရေးအတွက် ဒုက္ခသစ္စာတရား အတွေးအခေါ်
အခန်း (၂) : မည်မျှပင် ခက်ခဲပါစေ အကောင်းမြင်ဝါဒ ဆက်စွဲကိုင်ထားပ
အခန်း (၃) : အကောင်းမြင်ခြင်းနှင့် ပတ်သက်သော ဓမ္မအမေးအဖြေများ
အခန်း (၄) : ခက်ခဲတဲ့ကာလမှာ အကောင်းမြင်ဝါဒက ပိုအရေးကြီးတယ်
အခန်း (၅) : ဒုက္ခကို ကရုဏာနဲ့ကြည့်ရှုသုံးသပ်ခြင်း
အခန်း (၆) : ပျော်ရွှင်သောစိတ် ပျော်ရွှင်သောဦးနှောက်
အခန်း (၇) : ပျော်ရွှင်သောစိတ် ပျော်ရွှင်သောဦးနှောက်နှင့် ပတ်သက်သော ဓမ္မအမေးအဖြေများ
အခန်း (၈) : တွေးတတ်ရင် ဘဝမှာ ပျော်ရွှင်စရာတွေ နေရာတိုင်းမှာ ရှိတယ်
အခန်း (၉) : လူမူဆက်ဆံရေး ကောင်းရင် ကျန်းမာရေးလည်းကောင်း၊ စိတ်ကိုလည်း ပျော်ရွှင်စေတယ်
အခန်း (၁၀) : စိတ်ခံစားမှုအလှ
သင်ကြားမည့်ပုံစံ
သင်ကြားမည့်ပုံစံမှာ သင်ခန်းစာများကို SSBU eLearn Mobile Application မှတစ်ဆင့်လေ့လာရပါမည်။ Unit အလိုက် ဗီဒီယိုသင်ခန်းစာ၊ မှတ်စု ၊ Quiz များလေ့လာရပါမည်။ Unit အလိုက်သင်ခန်းစာများမှာ Quiz များကို အောင်မြင်အောင်ဖြေဆိုပေးပါမည်။
Quiz များအကုန်အောင်မြင်ပြီးပါက Final End Course Test ဖြေဆိုပေးရမည်ဖြစ်ပြီး Final Assignment A4 တစ်မျက်နှာစာ Assignment (၁) ခု ကိုလည်း တင်ပေးရပါမည်။
Unit Quiz, Final End Course Test နှင့် Final Assignment များ အောင်မြင်ပြီးပါက Certificate) ချီးမြှင့်ပေးမည် ဖြစ်ပါသည်။
သင်ကြားမည့်ဆရာ
အောက်စဖို့ဒ်ဆရာတော် ဒေါက်တာအရှင်ဓမ္မသာမိ ဓမ္မာစရိယ, DPhil (Oxford)
#အောက်စ်ဖို့ဒ်ဆရာတော် #ပါမောက္ခ #ဒေါက်တာ #ဓမ္မသာမိ
#တရားဓမ္မ #တရားထိုင်
#တရားတော်များ #education #ဆရာတော် #buddha #dhamma #myanmar
Негізгі бет အောက်စ်ဖို့ဒ်ဆရာတော် ပါမောက္ခ ဒေါက်တာ ဓမ္မသာမိ - အလုပ်ခွင်မှာတရားထိုင်မယ် (ကြာချိန် ၁၃-မိနစ်)
Пікірлер