ခွေးလိမ္မာတို့ရဲ့ နည်းပြဆရာ
ရန်ကုန် - ဇူလိုင် - ၂၇၊ ၂၀၁၉
လူတွေနဲ့သဟဇာတဖြစ်ပြီး လိမ္မာတဲ့ခွေးလေးတွေကို ခွေးချစ်သူတိုင်းမွေးချင်ကြမှာပါ။ ဦးဝင်းမြတ်ထွန်းကတော့ ဒီလိုလိမ္မာပြီး လူတွေကိုစောင့်ရှောက်ပေးနိုင်တဲ့ခွေးလေးတွေ၊ စည်းကမ်းရှိပြီး အမိန့်နာခံ တတ်တဲ့ခွေးလေးတွေဖြစ်အောင် လေ့ကျင့်သင်ကြားပေးနေသူဖြစ်ပါတယ်။ လောကဓံဆိုတဲ့ခွေးသင်တန်းမှာပဲ သူ့ဘဝတစ်ခုလုံးကို မြှုပ်နှံထားတဲ့ ဦးဝင်းမြတ်ထွန်းကတော့ သူရဲ့သင်တန်းဟာ လူနဲ့ခွေးကြားအဆင်ပြေစေဖို့ ပေါင်းကူးတံတားလေးတခုဖြစ်ချင်တဲ့ ရည်ရွယ်ချက်နဲ့လုပ်တယ်လို့ဆိုပါတယ်။ ဒီအကြောင်းကို Myanmar Times TV (MTTV) ကရိုက်ကူးတင်ဆက်ထားပါတယ်။
သတင်းနှင့်ရိုက်ကူး - ရတု
တည်းဖြတ် - ရတု
Негізгі бет ခွေးလိမ္မာတို့ရဲ့ နည်းပြဆရာ
Пікірлер: 6