မျိုးဆက် ၅ ခုမြောက်အဖြစ်ဖန်တီးလိုက်တဲ့ Hyundai Accent က လက်ရှိပြည်တွင်းမှာ SKD စနစ်နဲ့ထုတ်လုပ်နေလို့ လမ်းတွေပေါ်မှာ ဥဒဟိုမြင်တွေ့လာရသလို လှပတဲ့ရုပ်ထွက်၊ စွမ်းဆောင်ရည်၊ ပါဝင်တဲ့ features ပိုင်းတွေက ပေးရတဲ့တန်ဖိုးနဲ့ကိုက်ညီတဲ့အရာကို ပြန်လည်ရရှိစေမှာဖြစ်လို့ အကောင်းဆုံး Sub-Compact Sedan အဖြစ်ရွေးချယ်ပေးလိုက်ရတာဖြစ်ပါတယ်။
Hyundai Accent မှာဆိုရင် ဆန်းသစ်ထားတဲ့ ရှေ့မီးကြီးဒီဇိုင်း အရှေ့ရှဲလ်ပုံစံ တွေကြောင့် လှပမှုအပြင် ခန့်ထည်မှုကိုပါရရှိပိုင်ဆိုင်ထားပါတယ်။ ကားတစ်စီးလုံးရဲ့အချိုးအဆစ်တွေက ပြေပြစ်သလို Smart key ကိုင်ဆောင်ထားရုံနဲ့ အလိုအလျောက်ဖွင့်ပေးတဲ့ ကားရဲ့နောက်ဖုံးစနစ်၊ တော်တော်ပြည့်စုံတဲ့ Functionတွေပါတဲ့ အတွင်းခန်းအခင်းအကျင်းပုံစံ၊ Google Maps စနစ်တွေပါဝင်တဲ့ ဖုန်းတစ်လုံးလို အသုံးပြုနိုင်မယ့် Smart TV ၊ Digital Aircon ၊ လူငယ်အများ စုအကြိုက် Auto & Manual နှစ်မျိုးသုံးစနစ်ပါတဲ့ 1.4L အင်ဂျင်သုံး Sport Type ဆန်ဆန် ဆီဒင်အသေးစားဖြစ်ပါတယ်။ နောက်ပြီး ဒီကားမှာ Packing Sensor နဲ့ Back Camera ပါသလို Indicator Display နဲ့ အခြား Function တွေကိုလွယ်ကူစွာအသုံးပြုနိုင်ပါ သေးတယ်။ ဒါတွေကတော့ Hyundai Accent ရဲ့အားသာချက်ဖြစ်စေမယ့် အချက်တွေပါပဲ။ နောက်ပြီးတော့ Service နဲ့ Spare Part ပိုင်းမှာလည်း အဆင်ပြေလွယ်ကူနေတာကြောင့် ဒီနှစ်အကောင်းဆုံးဆီဒင်တွေစာရင်းထဲမှာ ထည့်သွင်းပေးလိုက်ရခြင်းဖြစ်ပါတယ်။
Engine Power - 1.4 L Petrol
Maximum Power - 100 HP
Max Torque - 136 N.m
Transmission - 6 Speed automatic transmission
Price - ကျပ် ၂၉၉ သိန်
Негізгі бет Best Sub-Compact Sedan - Hyundai Accent
Пікірлер