၁၃၈၄ ခုနှစ်၊ တပို့တွဲလဆန်း (၁) ရက် (၂၁-၁-၂ဝ၂၃) စနေနေ့
စစ်ကိုင်းမြို့၊ မြစကြာကျောင်းတိုက်နှင့် မြစကြာကျောင်းတိုက်ခွဲများအားလုံးတို့၏
မဟာနာယကဆရာတော်
သက်တော် (၅၈) နှစ်၊ သိက္ခာတော် (၃၈) ဝါ ရှိတော်မူသော
ဘဒ္ဒန္တဣန္ဒကာဘိဝံသ၏
ဥတုဇရုပ်ကလာပ်တော် ပင့်ဆောင်ခြင်းနှင့် အန္တိမစျာပန ကျင်းပပူဇော်ကြခြင်း
အန္တိမစျာပနသာဓုကီဠနပူဇာ
စတုတ္ထနေ့
အခမ်းအနား စတုတ္ထပိုင်း (နောက်ဆုံးပိုင်း)
မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ ငါန်းမြာကြီးရွာ၊ သိမ်တော်ရပ်၊ ခမည်းတော် ဦးကျော့ရွေ + မယ်တော် ဒေါ်မြစိန် တို့မှ ၁၃၂၇ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၈ ရက်၊ (၃-၁ဝ-၁၉၆၅) တနင်္ဂနွေနေ့တွင် ဖွားမြင်တော်မူသည်။၁၃၈၄ ခုနှစ်၊ ပြာသိုလဆုတ် (၁၂) ရက် (၁၇-၁-၂ဝ၂၃) အင်္ဂါနေ့ နံနက် (၈း၃ဝ) အချိန်တွင် ပျံလွန်တော်မူသည်။
"မြစကြာမဟာနာယကဆရာတော်"
တပည့်တွေ မြင့်စိတ်ဓာတ်
ဆင့်နှိပ်ခတ် အခြေတည်။
ကျမ်းရင်းကို ညက်ညက်ချ
လက်လက်ထပြီ။
သြဝါဒ ပက်ဖျန်းမည်
တက်လမ်းဆီ တင်ပေး။
မြစကြာ ဇေယျာတိုင်းမှာ
သမိုင်းသစ်ရေး။
စကြာဘုန်းနွယ်
(၁၉-၁ဝ-၂ဝ၂၂) ညနေ ၅း၃၅
''နေနှင့်လ ကွယ်ပခြင်း"
နေတစ်ဆူ ဖခင်တမျှ
လက္ခဏ ထေရ်အရှင်။
လတစ်သွယ် မိခင်အလှ
ဣန္ဒက ထေရ်သခင်။
နေနဲ့လ ကွယ်ပစဉ်
စကြာယာဉ် ရှေ့ခရီး။
ညီတညာ ကိုယ်စီထမ်းလို့ရယ်
လျှောက်လှမ်းစုစည်း။
စကြာဘုန်းနွယ်
(၃၁-၁-၂ဝ၂၃) ည ၈း၂၅
------------------------------------------------------------------------------
Uploaded by Disciple; SakkyaNweShin (BiluKyun)
10.2.2023-Fri-19:39
Негізгі бет ဘဒ္ဒန္တဣန္ဒကာဘိဝံသ၏ ဥတုဇရုပ်ကလာပ်တော် ပင့်ဆောင်ခြင်းနှင့် အန္တိမစျာပန ကျင်းပပူဇော်ကြခြင်း (21-1-23)
No video
Пікірлер: 201