ဘဏ်တွေကို အရေးယူတာ စရဖလက်ချက် (ရုပ်/သံ)
မိုးသောက်၊ ဇူလိုင် ၃၊ ၂၀၂၄
သတ်မှတ်ချက်ထက်ကျော်လွန်ပြီး အိမ်ရာချေးငွေထုတ်ချေးထားတဲ့ ပြည်တွင်းဘဏ်၇ခုကို ငွေရေးကြေးရေးအဖွဲ့အစည်းဥပဒေပုဒ်မနဲ့ အရေးယူမှုသွားမယ်လို့ စစ်ကောင်စ်ီက ဇူလိုင်လ၁ရက်နေ့က ကြေညာပါတယ်။
ယူနိုက်တက်အမရာဘဏ် (UAB) ၊ဧရာဝတီဘဏ်၊ ရိုးမဘဏ်၊ မြန်မာနိုင်ငံသားများဘဏ်၊ အသေးစားနှင့်အလတ်စားလုပ်ငန်းများဖွံဖြိုးရေးဘဏ်၊ မြန်မာ မက်ထရိုဘဏ်နှင့် ဆောက်လုပ်ရေး၊ အိမ်ရာနှင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးဘဏ်တို့ပါဝင်ပါတယ်။ဧရာဝတီကစုံစမ်းသိရှိရတဲ့ အချက်အလက်တွေအရ ဒီဘဏ်တွေကို စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ)တွေက စုံစမ်းထောက်လှမ်းပြီး အခုလို အရေးယူမှုတွေလုပ်ခဲ့တာလို့ သိရပါတယ်။
UABက ၃ ဒသမ ၃၈ ရာခိုင်နှုန်း၊ AYA မှာ ၁ ဒသမ ၉၆ ရာခိုင်နှုန်း၊ရိုးမဘဏ်မှာ ၁၁ ရာခိုင်နှုန်း၊ မြန်မာနိုင်ငံသားများဘဏ်မှာ ၈ ဒသမ ၉၄ ရာ ခိုင်နှုန်း၊အသေးစား အလတ်စားလုပ် ငန်းများ ဖွံ့ဖြိုးရေးဘဏ်မှာ ၁ ဒသမ ၀၁ ရာခိုင်နှုန်း၊ မြန်မာမက်ထရိုမှာ ၀ ဒသမ ၃၉၊ဆောက်လုပ်ရေး အိမ်ရာနှင့် အခြေခံ အဆောက်အအုံဖွံ့ဖြိုးရေးဘဏ်မှာ ၁၆ ဒသမ ၃၄ ရာခိုင်နှုန်းတို့ကျော်လွန်ချေးထားတယ်လို့ စစ်ကောင်စီက ဆိုပါတယ်။
သူတို့တွေကို စစ်ကောင်စီကငွေရေးကြေးရေးအဖွဲ့အစည်းဥပဒေပုဒ်မ၁၅၄နဲ့ အရေးယူသွားမယ်လို့ ကြေညာထားပါတယ်။ ပုဒ်မ ၁၅၄မှာကျူးလွန်တဲ့သူကို သတိပေးတာ၊ ဒဏ်ကြေးငွေပေးဆောင်စေတာ၊ငွေရေးကြေးရေးအဖွဲ့အစည်းများ၏ လုပ်ငန်းဆောင်ရွက်မှုများကို ကန့်သတ်ချက် အပါအဝင်ဖြစ် သည့် အမိန့်များချမှတ်တာ၊နဲ့ ငွေရေးကြေးရေးအဖွဲ့အစည်းအတွင်း တာဝန်ထမ်းဆောင်ခြင်းမှ ယာယီရပ်ဆိုင်းခြင်း သို့မဟုတ် ရပ်စဲတာတို့ကိုလုပ်ဆောင်နိင်တယ်လို့ပြဋ္ဌာန်းထားပါတယ်။
---------------------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: bit.ly/3btQYpR
Негізгі бет ဘဏ်တွေကို အရေးယူတာ စရဖလက်ချက် (ရုပ်/သံ)
Пікірлер: 35